ဖရူဆို – ဘောလခဲနယ်စပ်က ကလိလျား နဲ့ ဝေကျခေါ စစ်ရှောင်စခန်းမှာ အရေပြား နဲ့ ရာသီတုပ်ကွေး အဖြစ်များနေ ၊ ကလေးငယ်တွေ အာဟာရချို့တဲ့မှုလည်း ရှိနေ

ဖရူဆို – ဘောလခဲနယ်စပ်က ကလိလျား နဲ့ ဝေကျခေါ စစ်ရှောင်စခန်းမှာ အရေပြား နဲ့ ရာသီတုပ်ကွေး အဖြစ်များနေ ၊ ကလေးငယ်တွေ အာဟာရချို့တဲ့မှုလည်း ရှိနေ

ကရင်နီပြည်၊ ဘောလခဲ မြို့နယ်၊ နန်းဖဲကျေးရွာအုပ်စု၊ ဝေကျခေါ စစ်ရှောင်စခန်းနဲ့ ဖရူဆိုမြို့နယ် ၊တော်ခူကျေးရွာ အုပ်စု၊ ကလိလျားကျေးရွာမှာ ယခု တစ်ပတ်အတွင်း အရေပြား ရောဂါ နဲ့ ရာသီတုပ်ကွေးတွေ အဖြစ်များနေသလို ကလေးငယ်တွေမှာ အာဟာရချို့တဲ့နေတယ်လို့ ကရင်နီ အရေးပေါ်တုန့်ပြန်ကူညီရေး အဖွဲ့ (KnERU ) ရဲ့ အဖွဲဝင် တစ်ဦးက ပြောပါတယ်။

“များတယ်လို့ ပြောရမှာပေါ့၊ ရာသီတုပ်ကွေး နဲ့ ငှက်ဖျားက ၇၀ ရာခိုင်နှုန်း ၊ အရေပြားဖြစ်တာက ၂၀ ရာခိုင်နှုန်း၊ ကလေး အာဟာရ ချိုတဲ့ မှုက ၂၀ ရာခိုင်နှုန်းလောက်ပေါ့နော။” လို့ သူက ပြောပါတယ်။

အရေပြားရောဂါကို ကလေးရော၊ လူကြီးတွေမှာပါ ဖြစ်ပွားနေပြီး ရာသီတုပ်ကွေးကတော့ မိသားစုအလိုက် ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

“တချို့က ယားပြီး ပျောက်တာရှိတယ်၊ အခုယားတဲ့ သူလည်းရှိတယ်။ ယားတာချင်းမတူဘူး၊ တချို့က အရည်ဖြစ်တယ်၊ တချို့က ကုတ်လိုက်ရင် အနာဖြစ်နေကြတယ်။”လို့ ဝေကျခေါ စစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ယခုသီတင်းပတ်အတွင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့်လည်း စစ်ရှောင်နဲ့ ဒေသခံတွေ ဖျားနာမှုတွေ ဖြစ်နေကြတယ်လို့လည်းဆိုပါတယ်။

“ဒီတစ်ပတ်အတွင်း မိုးဆက်တိုက်ရွာနေတော့ ကလေးတော်တော်များများ ဖျားတယ်၊ ဆရာပါပါ ဖျားနာနေကြတယ်၊ ကျောင်းပျက်သူတွေလည်း ရှိနေတာပေါ့၊ အချို့ဆို ခွင့်ပေးလိုက်ရတာရှိတယ်။”လို့ ကျောင်း ဆရာမ တစ်ဦးက ပြောပါတယ်။

ဝေကျခေါ စစ်ရှောင်စခန်းနဲ့ ကလိလျား ကျေးရွာဟာ ဘောလခဲနဲ့ ဖရူဆိုမြို့နယ် အစပ်မှာရှိပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်သလို ဆေးရုံ၊ ဆေးပေးခန်းတွေမရှိဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတွေကတော့ ကလေးငယ်တွေအတွက် သံချဆေး၊ အားဆေးနဲ့ အခြေခံ ဆေးဝါး ၊ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ယခုသီတင်းပတ်အတွင်းမှာတော့ ဒေသခံတွေရဲ့ တောင်းဆိုမှုကြောင့် ဘောလခဲနဲ့ ဖရူဆိုမြို့နယ် နယ်စပ်တဝိုက်က စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို ငှက်ဖျား၊ နာတာရှည်ရောဂါ၊ ဆီးချိုသွေးချို၊ ကလေးအာဟာရချို့တဲ့မှုတွေအတွက် ကူညီဖို့ KnERU က သွားရောက်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

ဘောလခဲနဲ့ ဖရူဆိုနယ်စပ် တလျှောက်မှာ ဒေသခံနဲ့ စစ်ဘေးရှောင်လူထု ၁၅၀၀ ကျော်အထိရှိနေတယ်လို့ သိရပါတယ်။

July 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းတွင် မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့်...
July 14, 2026
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ဘန့်မိုင်နန်းဆွိုင် ဒုက္ခသည်စခန်း (ခေါ်) ဒုက္ခသည်စခန်း အမှတ်...
July 13, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နတ်တောင်စစ်ရှောင်စခန်းရှိ မိသားစုများ၏...
July 10, 2026
၃ နှစ်ကျော်ကြာ ရပ်နားထားသည့် လွိုင်ကော် - ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲတော့မည်ဟု...