သိမ်ဇရပ်မှာ စစ်ကောင်စီနဲ့ KNLA/PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားနေ

သိမ်ဇရပ်မှာ စစ်ကောင်စီနဲ့ KNLA/PDF ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားနေ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီးမှာ ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင် စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။

အဲဒီတိုက်ပွဲတွေဟာ KNU ကျိုက်ထိုမြို့နယ်ကနေ စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေက သိမ်ဇရပ်မြို့ ကျောက်တန်းလေးကျေး ရွာအနီး စောင့်ကြိုတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ဒ့ါအပြင် ဒီနေ့မနက်ပိုင်းမှာပဲ သိမ်ဇရပ်မြို့အခြေစိုက် အမှတ် ၂၀၇ ခြေမြန်တပ်ရင်းရဲ့ ကုက္ကိုပင်ကာကင်းဂိတ်ကို တော်လှန် ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အချိန်တစ်နာရီနီးပါးကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲတွေအတွင်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ် ရင်းတွေကနေ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ကူပေးခဲ့ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေပြန် လည်ငြိမ်သက်သွားပေမယ့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိသေးဘူးလို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တာ ဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သိမ်ဇရပ်တိုက်ပွဲကြောင့် ဒေသခံပြည်သူတချို့ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပြီး အများစုက တာ့ ပုန်းခိုးနေထိုင်ပြီး အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြ ချက်အရ သိရပါတယ်။

မနေ့ ဇူလိုင် ၂၂ ရက်နေ့ကလည်း KNU ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေး တယ်။

လနဲ့ချီတိုက်ပွဲတွေ ငြိမ်သက်ခဲ့တဲ့ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင်ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ် စစ် ကြောင်း ထိုးဝင်ရောက်လာမှုကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...