မတူပီတိုက်ပွဲတွင် ဓမ္မအမှူတော်ဆောင်နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရထားသော နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်ခိုလှုံလာ

မတူပီတိုက်ပွဲတွင် ဓမ္မအမှူတော်ဆောင်နှင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရထားသော နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်ခိုလှုံလာ

ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့သိမ်းတိုက်ပွဲတွင် ဓမ္မအမှုတော်ဆောင်အပါအဝင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသား ၁၃ ဦး လွတ်မြောက်ခိုလှုံလာခဲ့ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ က ဇူလိုင် (၄)ရက်နေ့တွင်  သတင်းထုတ်ပြန်သည်။

လွတ်မြောက်ခိုလှုံလာသော အကျဉ်းသားများတွင် ဓမ္မအမှုတော်ဆောင်၊ CDM စိုက်ပျိုးရေးနှင့် ပညာရေးဝန်ထမ်းများ၊ ထောင်ဒဏ် ၁ သက် နှစ်ရှည်ချခံထားရသူများပါဝင်ပြီး အမျိုးသမီး ၁ ဦးဖြစ်သော ပိုးဇန်နီယာနှင့် ဗန်ကစ်လျန်၊ အောင်ကို၊ ယောန၊ ကျော်ထန်းလျန်းအောင်၊ မိန်ထဲန်၊ ပါထုန်၊ ကပ်ထန်း၊ ပါကေး၊ အောင်သိန်းဝင်း၊ စံသိန်း၊ ထဲလ်တွီး၊ ဒီဇင်ထန်း တို့ ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၆ ရက်တွင် စစ်ကောင်စီသည် နိုင်ငံရေးအကျဉ်းသားများကို မတူပီမြို့မရဲစခန်းအချုပ်မှ မတူပီအခြေချ စစ်ဗျူဟာနှင့် ခလရ – ၁၄၀ သို့ ရွှေ့ပြောင်းချုပ်နှောင်ခဲ့ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ က  ဇူလိုင်လ ၄ ရက်က ထုတ်ပြန်သည်။

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ဖော်ဆောင်သော မတူပီမြို့သိမ်းတိုက်ပွဲတွင် အကျဉ်းသားများကို စစ်ကောင်စီက ၎င်းတို့ စစ်ကြောင်းများတွင် ညှပ်ထည့်အသုံးပြုခဲ့ပြီး စစ်ကောင်စီ၏ ဒဏ်ရာရ ရဲဘော်များကို သယ်ဆောင်ရန် အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း သိရသည်။

ချင်းတော်လှန်ရေးပူးပေါင်းတပ်က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်၍ စစ်ကောင်စီစစ်ကြောင်းများ တပ်ပျက်စဉ်တွင် အကျဉ်းသားများ လွှတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသေးသော အကျဉ်းသားများကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

မတူပီမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်၊ Yaw- PDF၊ Yaw Army (YA) နှင့် အာရက္ခတပ်တော် (ULA/AA) က ဇွန်လ ၉ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၉ ရက်တွင် အမှတ် – ၃၀၄ ခြေမြန်တပ်ရင်း၊ အမှတ် – ၁၄၀ ခြေလျင်းတပ်ရင်းနှင့် ချင်းတောင်ပိုင်းက အကြီးဆုံး စစ်ဗျူဟာကုန်းတို့ကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...
February 9, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ဦးတည် ထိုးစစ်ဆင်နေသော စစ်ကော်မရှင်တပ်များနှင့်...
ဓါတ်ပုံ - Yaw
February 6, 2026
ချင်း- မကွေးအစပ်၊ ဆောမြို့နယ်၊ ကျောက်ထုဒေသရှိ မိအယ်ကျေးရွားကို စစ်ကော်မရှင်တပ်က လေကြောင်း...
February 5, 2026
ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးတို့နှင့် တော်လှန်တွဲလက်များ ပိုမိုခိုင်မြဲစေပြီး...