စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ခန့် ပျက်စီး

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ခန့် ပျက်စီး

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်မှာ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်းက ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ကျော် ပျက်စီးကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်း ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် မေလအထိ ချင်းပြည်နယ်အတွင်းက ဘာသာရေး အဆောက်အဦးများ၊ စာသင် ကျောင်းများနှင့် ဆေးရုံဆေးခန်းများကို စစ်ဗျူဟာတစ်ခုအဖြစ်အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု CHRO က ယမန်နေ့ မေလ ၂၆ ရက်က ထုတ်ပြန်သည်။

စစ်ကောင်စီသည် နိုင်ငံတကာသဘောတူညီချက် ဂျီနီဗာကွန်ဗင်ရှင်းကို ချိုးဖောက်ပြီး ဘုရားကျောင်းနှင့် ဘာသာရေး အဆောက် အဦးပေါင်း ၁၁၆ ခု၊ ဆေရုံနှင့် ဆေးပေးခန်းပေါင်း ၂၆ ခုနှင့် စာသင်ကျောင်းနှင့် သင်ကြားရေး စင်တာပေါင်း ၄၉ ခုကို ပစ်ခတ် တိုက်ခိုက်၊ မီးရှိ့၍ ဖျက်စီးခဲ့ကြောင်း သိရသည်။

၃ နှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ချင်းပြည်နယ်တွင်း အရပ်သားပြည်သူ ၉၃ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲတွင် ကလေးငယ် ၂၈ ဦးနှင့် အမျိုးသမီး ၂၀ ဦး ပါဝင်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။

ကလေးငယ် ၁၅ ဦးနှင့် အမျိုးသမီး ၄၇ ဦးအပါအဝင် အရပ်သားပြည်သူ ၂၀၀ ခန့်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအစိုးရအနေဖြင့် စစ်ကောင်စီကို လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီတင်ပို့နေမှုများ ရပ်တန့်ရန်နှင့် စစ်ရာဇဝတ်မှု ကျူးလွန်နေသော စစ်ကောင်စီကို အရေးယူပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားသည်။

ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)
August 31, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...