မလေးရှားတွင် ယခုရက်ပိုင်းအတွင်း တရားမဝင်အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုပိုမိုများပြားလာ

မလေးရှားတွင် ယခုရက်ပိုင်းအတွင်း တရားမဝင်အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုပိုမိုများပြားလာ

မလေးရှားနိုင်ငံမှာ တရားမ၀င် ၀င်ရောက်နေထိုင်ကြတဲ့ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားများ ယခုရက်ပိုင်းအတွင်း မလေးရှား အာဏာ ပိုင်တွေက ဖမ်းဆီးရမှုပိုမိုများပြားလာတယ်လို့သိရပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ ဆလန်ဂေါ ပြည်နယ်၊ ကလန်းမြို့ စတဲ့မြန်မာ ရွေ့ပြောင်းအများစုနေထိုင်တဲ့နေရာတွေကို ဦးတည်ပြီး ဖမ်းဆီးခဲ့ကြတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့သူတွေအနက် မြန်မာနိုင်ငံသားအပါအ၀င် ကမ္ဘေားဒီယား၊ တရုတ် နိုင်င်ငံသားတွေပါ၀င်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား‌တွေထဲမှာ ချင်းလူမျိုး(၂)ဦး ပါ၀င်တယ်လို့သိရပြီး အသေးစိတ်ကိုတော့ သေချာမသိရသေးသလိုဖမ်းဆီးခံရမှုဖြစ်စဉ်အများစုအနက် တိုင်ကြားခံရလို့ဖမ်းဆီးရတဲ့ဖြစ်စဉ်ဟာ အများဆုံးဖြစ်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စည်းကမ်းရှိရှိနေကြဖို့လိုတယ်လို့ မလေးရှား ရောက်ချင်းလူငယ်တစ်ယောက်ကအခုလိုပြောပါတယ်။

“ ကွမ်းယာကိုစည်းကမ်းမဲ့‌ထွေးတာ၊ အရက်သောက်ပြီး သီချင်းအော်ဆို‌တာတွေကြောင့် ဖမ်းခံရတာများတယ်၊ အဲ့တာကြောင့် စည်းကမ်းရှိဖို့လိုမယ်၊ UN မှာမှတ်ပုံတင်လျောက်တဲ့စာရွက်နဲ့ ၊အ‌ဖွဲ့အစည်းကဒ်‌ကို ကိုယ်နဲ့မကွာဆောင်ထားဖို့လိုမယ်ဒါမှ တခုခုဆို ပြန်ရွေးလို့ရတာ”လို့‌ ပြောပါတယ်။

အခုလို မလေးအာဏာပိုင်တွေဖမ်းဆီးခံရမှုခံရတဲ့သူတွေကို ဖမ်းဆီးခံရတဲ့ ညတွင်းချင်းမှာ ရဲစခန်းမှာ လူတစ်ယောက်ကို မလေးငွေ 5000Rm ကနေ 8000Rmအကြား ဒဏ်ငွေအနေနဲ့ပေးဆောင်ပြီး ရွေးယူရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ‌ပြီး ငွေကြေးနဲ့ညတွင်း ရွေးယူတာမခံရတဲ့အထောက်အထား မရှိသူတွေကို မိမိတို့မွေးရပ်နိုင်ငံကိုပြန်လည်ပို့ဆောင်ခံရမှာဖြစ်သလို မလေးရှားနိုင်ငံအစိုးရအနေနဲ့ အထောက်အထားမရှိတဲ့နိုင်ငံခြားသားတွေကို မိမိတို့နိုင်ငံကပြန်လည်လက်ခံ‌ရေးအစီအစဉ်ကို မတ်လ(၁)ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...
April 20, 2026
ဖလမ်း - ဟားခါး လမ်းမဘေးမှာတည်ရှိတဲ့ ဖလမ်းမြို့နယ် Tlangzar ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၁၈...