ကန်ပက်လက်မှာ စစ်ကောင်စီဖမ်းသွားသော စစ်ဘေးရှောင်ပြည်သူအများစု ပြန်လွတ်လာ၊ ၄ ကို ဆက်လက်ဖမ်းဆီးထားဆဲ

ကန်ပက်လက်မှာ စစ်ကောင်စီဖမ်းသွားသော စစ်ဘေးရှောင်ပြည်သူအများစု ပြန်လွတ်လာ၊ ၄ ကို ဆက်လက်ဖမ်းဆီးထားဆဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသော စစ်ဘေးရှောင်ပြည်သူ ၃၈ ဦးထဲမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်အများစု ပါဝင်သည့် ၃၄ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊ လူသားစာနာဌာနမှ သိရသည်။

ကလေးငယ်များနှင့် သက်ကြီးရွယ်အိုအများစု ပါဝင်သည့် ဒေသခံပြည်သူ ၃၄ ဦးကို စစ်ကောင်စီတပ်က ပြန်လွတ်ပေး လိုက်ပြီးနောက် ယမန်နေ့ မေလ ၁၇ ညသန်းခေါင်အချိန်တွင် ထပ်မံရွှေ့ပြောင်းထားရသည့် စစ်ရှောင်စခန်းသို့ CDF – ကန်ပက်လက် ရဲဘော်များက ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ကြောင်းက ၃ ကြောင်းခွဲပြီး လောင်းရှည် ကပစထဲကို ပြန်ဆုတ်တယ်။ တစ်ကြောင်းက ဝင်သွားပြီ။ ကျန်တဲ့ ၂ နှစ်ကြောင်းထဲက တစ်ကြောင်းက ဖမ်းခေါ်သွားတာ၊ အဲဒါ ဟိုဘက်အထိ မခေါ်သွားပဲ ပြန်လွတ်လိုက်တာ။ ကျန်ခဲ့တဲ့ဟာက အရွယ်ကောင်းတွေ ဖြစ်နိုင်တယ်။ လွတ်လိုက်တာက အမျိုးသီးတွေ အဖိုးကြီးတွေများတယ်” ဟု ၎င်းက ပြောသည်။

သို့သော်လည်း ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကာ တစ်ဦးမှာ ပျောက်နေကြောင်း ကန်ပက်လက်၊ လူသားစာနာဌာန တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မေလ ၁၄ ရက်နေ့က အုံရွာပြည်သူများ စစ်ဘေးရှောင်နေသည့်နေရာသို့ ရောက်ရှိလာပြီး စစ်ရှောင်ပြည်သူ ၃၈ ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

CDF – ကန်ပက်လက်အဖွဲ့မှ တပ်မဟာမှူးဆလိုင်းထွန်းလိန်ထန်းကလည်း စစ်ကောင်စီ ဖမ်းဆီးသွားသော ပြည်သူ များကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ကယ်ထုတ်ထားနိုင်ပြီးဖြစ်ကြောင်း၊ ဖမ်းဆီးသွားသူများကို စစ်ကောင်စီက ပစ္စည်းရိက္ခာများ သယ်ခိုင်းကြောင်း ပြောသည်။

တောတောင်အတွင်း စစ်ရှောင်နေရာမှ ထပ်မံ၍ နေရာပြောင်းရွေ့ကာ စစ်ဘေးရှောင်ရသည့် အုံရွာ၊ လွီးစုံ၊ ကောက် ဆောင်း၊ ချိုင်လောင်ရွာတို့မှ ဒေသခံပြည်သူ ၂၀၀ ခန့်သည် ဆန်မရှိသောကြောင့် နီးစပ်ရာများမှ ဆန်ကို ချေးငှားစားသောက်နေရကြောင်း၊ မိုးရွာလေ့ရှိသောကြောင့် အမိုးအကာ၊ တာလပတ်များ လိုအပ်နေကြောင်း သိရသည်။

အဝတ်အထည်နှင့် အနွေးထည်များလည်း လိုအပ်နေပြီး အိပ်ရာအခင်းများ၊ ရေပုံများလည်း လိုအပ်နေကြောင်း သိရသည်။

ကန်ပက်လက်မြို့နယ်၊ လူသားစာနာဌာနမှလည်း အရေးပေါ်လိုအပ်နေသော ပစ္စည်းများကို ပို့ဆောင်ရန် စီစဉ်နေသော်လည်း လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်က ကန်ပက်လက်မြို့နယ်၊ အုံရွာ၊ လွီးစုံရွာနှင့်ကောက်ဆောင်းရွာများကို ပေါင် ၅၀၀ ဗုံးများအပါအဝင် လေယာဉ် ၄ စီးဖြင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...