ရခိုင်ဒေသက မွတ်ဆလင်ဒုက္ခသည်များ အငတ်ဘေးကြုံနေရ

ရခိုင်ဒေသက မွတ်ဆလင်ဒုက္ခသည်များ အငတ်ဘေးကြုံနေရ

ရခိုင်ပြည်တွင် စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ပိတ်ပင်ထားမှုအကျိုးဆက်ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ မရရှိသည်မှာ ၆ လကျော်ကြာမြင့်လာပြီဖြစ်၍ မွတ်ဆလင်ဒုက္ခသည်များမှာ အငတ်ဘေးနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

လမ်းပိတ်ထားမှုကြောင့် ကုန်ဈေးနှုန်းလည်း အဆမတန်မြင့်မားနေ၍ စစ်တွေမြို့နယ်မှ ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ အုန်းတောကြီး၊ အုန်းတောချေ စသည့် ဒုက္ခသည်စခန်းများမှ မွတ်ဆလင်များမှာ အငတ်ဘေးကြုံနေရကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

သက္ကယ်ပြင်ဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက “ တကယ့်ကို ငတ်နေကြသူတွေ အများကြီးရှိပါတယ်။ ဆန်ပြုတ် ကြိုစားဖို့တောင် ဆန်မရှိကြဘူး။ ပိုက်ဆံလည်းမရှိတော့ ဆန်လည်းမဝယ်နိုင်ဘူး။ ပုံမှန်အလုပ်လည်းမရှိ။ ဝင်ငွေလည်းမရှိတော့ ငတ်ပြတ်နေကြပြီ” ဟု ပြောသည်။

ဒုက္ခသည်များကို နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော WFP၊ ICRC၊ Save the Children၊ MSF နှင့် အခြားအဖွဲ့များက အဓိက ကူညီထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

သို့သော်လည်း ၂၀၂၃ မိုခါမုန်တိုင်းအလွန်မှစ၍ ရခိုင်ပြည်ကို စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီပေးခွင့်များ တားမြစ်ပိတ်ပင်ထားသည်။

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည် အမျိုးသမီးတစ်ဦးက “အရင်တုန်းကဆိုရင် နိုင်ငံတကာအဖွဲ့တွေရဲ့ ထောက်ပံ့မှုတစ်ခု ရှိနေသေးတယ်။ အခုက လုံးဝမရှိတော့တာ။ ရှိတဲ့ပိုက်ဆံနဲ့ ရွှေ၊ငွေတွေကိုလည်း  ရောင်းချပြီး သုံးလိုက်ရပြီ။ နောက်ထပ် ဝမ်းရေးဖြေရှင်းဖို့ ဘာနည်းလမ်းမှ မရှိတော့ဘူး” ဟု ပြောသည်။

အလားတူ ပေါက်တောနှင့် မြေပုံမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည် ၃၀,၀၀၀ ခန့်မှာလည်း လက်ရှိတိုက်ပွဲကာလတွင် စားဝတ်နေရေး၊ ကျန်းမာရေးအခက်အခဲနှင့် ကြုံတွေ့နေကြရသည်။

“အရမ်းနေမကောင်းဖြစ်ရင်တောင် ဆေးဝယ်သောက်ဖို့ ပိုက်ဆံမရှိဘူး။ စားသောက်ရေးကလည်း အရမ်းခက်ခဲနေတယ်။ ဒါကြောင့် အကူအညီထောက်ပံ့မှုတွေ ရစေချင်တယ်” ဟု ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။  

စစ်တွေ၊ မြေပုံနှင့် ပေါက်တောမြို့နယ်တို့မှ မွတ်ဆလင်ဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်း နှစ်ဖက်အသိုင်းအဝိုင်းကြား ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူများ ဖြစ်သည်။

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...