ဖားဆောင်းမြို့တွင်းက စစ်ကောင်စီရဲ့ ကာကင်းစခန်းကုန်း တစ်ခုကို တော်လှန်ရေးတပ်ဖက် သိမ်းယူ

ဖားဆောင်းမြို့တွင်းက စစ်ကောင်စီရဲ့ ကာကင်းစခန်းကုန်း တစ်ခုကို တော်လှန်ရေးတပ်ဖက် သိမ်းယူ

ကရင်နီပြည် ဖားဆောင်းမြို့တွင်းက စစ်ကောင်စီရဲ့ ကာကင်းစခန်းကုန်းတစ်ခုကို ယမန်နေ့ (မေလ ၁၃ရက်) မနက်ပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖက်က သိမ်းယူခဲ့တယ်လို့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ဆိုပါတယ်။

“ ကျနော်တို့က ၁၀နာရီကနေပဲ စပြီးတော့ ဝင်သွားတာပေါ့။ သိပ်တော့ မကြာဘူး မိနစ် ၂၀လောက်ပဲရှိတယ်။ စစ်ကောင်စီ ကာကင်းကတော့ သူကတော့ အင်အားက တပ်စိတ် တစ်စိတ်စာလောက်ပဲပေါ့။ “ လို့ ကလလတဗျူဟာ(၁)၊ ၉၄၂၀ တပ်ရင်းညွှန်ကြားရေးမှူး စောဖိုးဒီးဒီ က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ နှစ်ဦးနှစ်ဖက် ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီဖက်က စခန်းစွန့်ခွာ ထွက်ပြေးသွားသလို လက်နက်ခဲယမ်းတချို့ဖြစ်တဲ့ ကျည်ဆံ၊ ၁၄ မိုင်း၊ ၁၆ မိုင်း၊ ၁၈ မိုင်း၊ လက်ပစ်ဗုံး၊ G3ကျည်၊ MAကျည်ဘောက် စတာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ကာကင်းစခန်းကုန်း တိုက်ခိုက်မှုမှာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကြယ်ဖြူ (KNSO) နဲ့ ကရင်နီပြည်တပ်မတော် KA နဲ့ Drone တပ်ဖွဲ့၊ စနိုက်ဘာတပ်ဖွဲ့ ၊ ကွန်မန်ဒိုအထူးတပ်ဖွဲ့ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပါဝင်ခဲ့တယ်လို့‌ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ ကာကင်းစခန်းကတော့ ဖားဆောင်းမြို့တွင်း ခလရ (၁၃၅) နယ်မြေအတွင်းမှာရှိတာဖြစ်ပါတယ်။ ဖားဆောင်းမှာတော့ ခလရ (၁၃၄) တပ် အပေါ်ဖက်တွေမှာ စစ်ကောင်စီရဲ့ ကာကင်းစခန်းတွေ ရှိသေးတယ်လို့ ဆိုပါတယ်။

ဖားဆောင်းမှာ တိုက်ပွဲ ပြင်းထန်နေတာ ၂လ ကျော်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ ခလရ ၁၃၄၊ ၁၃၅ တပ်ရင်း သာကျန်ရှိပြီး တော်လှန်ရေးဖက်က သိမ်းယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာလည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီရဲ့ ရဟတ်ယာဥ် ဟာ ဘောလခဲမြို့အနီးမှာ ပျက်ကျခဲ့ပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့ပါတယ်။

ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...