နှစ်ပေါင်း ၃၀ ကြာတပ်စွဲနေထိုင်တဲ့ ဖုန်ကျန်းတပ်စခန်းဆုတ်ခွာ

နှစ်ပေါင်း ၃၀ ကြာတပ်စွဲနေထိုင်တဲ့ ဖုန်ကျန်းတပ်စခန်းဆုတ်ခွာ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းကျေးရွာတံတားမှာ နှစ်ပေါင်း ၃၀ အကြာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဟာ မေလ ၈ ရက်ညမှာ တပ်ဆုတ်ခွာသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ဒီတပ်စခန်းမှာ နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် KIA ပူးပေါင်းတပ်ဘက်က တပ်ဆုတ်ဖို့ သတိပေးထားတာကြောင့် ဆုတ်ခွာသွားတာဖြစ်တယ်လို့ ဖုန်းကျန်ရွာဒေသခံ အမျိုးသားတစ်ဦးက  KNG ကိုပြောပါတယ်။

“အဲ့မှာရှိတဲ့ စစ်တပ်စခန်းကို KIA ဘက်က တပ်ဆုတ်သွားဖို့ သတိပေးထားတာကြာပြီ။ တပ်ဆုတ်သွားတာမရှိလို့ သွားပစ်ဖို့ လုပ်နေတုန်းမှာ ဒီမနက်ပိုင်းမှာပဲ တပ်စခန်းတစ်ခုလုံး တပ်ဆုတ်သွားတယ်လို့ပြော။ အဲဒါကြောင့် KIA က ဒီမနက်ပိုင်မှာပဲ သွားရှင်းလိုက်တာ”လို့ပြောပါတယ်။

ဖုန်ကျန်း စစ်ကောင်စီတပ်စခန်းကို KIA တပ်တွေက သွားရောက်ပစ်ခတ်ရှင်းဖို့ စီစဉ်နေတဲ့အချိန်မှာ မေလ ၈ ရက်နေ့ ညပိုင်းမှာ ပူတာအိုဘက်ကို တပ်ဆုတ်ထွက်ပြေးသွားတာကြောင့် KIA တပ်က စစ်တပ်စခန်းကို သွားရောက်ရှင်းလင်း ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖုန်ကျန်းဒေသခံပြည်သူတွေက ပြီးခဲ့တဲ့ ၂ လဝန်းကျင်လောက်က ဆွမ်ပရာဘွမ့်မြို့ပေါ်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ကတည်း ကျေးရွာကနေယာယီထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဆွမ်ပရာဘွမ့်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာအများပိုင်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး ဆွမ်ပရာဘွမ့်မြို့ကို KIA သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်ရေးအရ လုံခြုံရေးအတွက် စိုးရိမ်နေရသေးတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။

မေလ ၉ ရက်နေ့ ဒီကနေ့မှာလည်း ပူတာအိုမြို့နယ်ဘက်က စစ်အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း တစ်ခုက လုံရှာယန်နဲ့ တန်ဂျာကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းက တန်ဂျာကျေးရွာရှိ စာသင်ကျောင်းနဲ့ ဘုရားကျောင်းဝင်းနဲ့ ပြည်သူပိုင်နေအိမ်တွေမှာ တပ်စွဲနေထိုင်ထားပြီး စစ်ရေးလှုပ်ရှားဖို့ ပြင်ဆင်နေတယ်လို့ တန်ဂျာဒေသခံတွေကပြောပါတယ်။

မေ ၅ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက ဆွမ်ပရာဘွမ့်မြို့ပေါ် စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီး ဆွမ်ပရာဘွမ့်မြို့နယ်ထဲမှာ နောက်ထပ်ကျန်ရှိနေသေးတဲ့ တပ်စခန်းတစ်ချို့ကိုလည်း KIA က တစ်ခုပြီးတစ်ခု ရှင်းလင်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...