ကရင်နီပြည်တွင် ၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော် သေဆုံးကြောင်း PKPF ထုတ်ပြန်

ကရင်နီပြည်တွင် ၃ နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော် သေဆုံးကြောင်း PKPF ထုတ်ပြန်

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းထားသည့် ၃ နှစ်ကျော် ကာလအတွင်း ကရင်နီ(ကယား)ပြည်တွင် စစ် ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်ကျော်သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု-PKPF ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်း ၃ နှစ်ကျော်ကာလ ကရင်နီ(ကယား)ပြည်နယ်အတွင်း ကရင်နီတော်လှန်ရေးအင်အားစုများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲပေါင်း (၁,၀၈၉) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၃,၃၅၈) ဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ သုံးနှစ်ကျော်ကြာကာလ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုအပြင် ကရင်နီ တော်လှန်ရေး အင်အားစုများဖြစ်သည့် Karenni Nationalities Defense Force (KNDF)၊ People Defense Force (PDF) နှင့် Karenni Army (KA) တပ်ဖွဲ့ဝင်များဘက်မှ (၅၅၁) ဦးကျဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထား သည်။

နှစ်ဖက်တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုအများအပြား ရှိခဲ့သလို လက်ရှိ ကရင်နီပြည်နယ် အတွင်း စစ်တပ်အနေဖြင့် စစ်ကူကို မြေပြင်မှတဆင့် မပို့ဆောင်နိုင်တော့ဘဲ လေကြောင်းကိုအသုံးပြု၍သာ စစ်ကူ ပို့ဆောင်နိုင်တော့ကြောင်း KNDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုလိုပြောသည်။

“စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများတာ မှန်ပါတယ်။ ကျနော်တို့ ကရင်နီပြည်နယ်မှာ ကတော့ စစ်ကောင်စီ ကနေ ပြီးတော့ ပြည်နယ်ပြင်ပကနေ စစ်ကူပို့နိုင်တဲ့ အနေအထားကတော့ မရှိတော့ဘူး။ စစ်ကူပို့ခြင်ရင်တောင် ရဟတ်ယာဉ်နဲ့ပဲ ပို့နိုင်တယ်၊၊ ဒါတောင် အယောက် (၂၀) ဝန်းကျင်ပဲ ပို့နိုင်တော့တဲ့ အခြေအနေမျိုးပဲ ဖြစ်ပါ တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် (၁၁၁၁) စစ်ဆင်ရေး လုပ်ဆောင်ပြီးနောက်ပိုင်း မယ်စဲ့မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ရွာသစ်မြို့နယ်၊ ရှားတောမြို့နယ်၊ မော်ချီးမြို့နယ်၊ မိုးဗြဲမြို့နယ် နှင့် နန်းဖယ်ခုံ မြို့နယ်စသည့်မြို့နယ် ၇ မြို့နယ်ကို ကရင်နီပြည်တော်လှန်ရေးတပ်ဖွဲ့ဝင်များမှလက်ရှိ အချိန်ထိ ထိန်းချုပ်နိုင်ခဲ့ သည်။

အလားတူ စစ်ကောင်စီတပ်စခန်းပေါင်း ၆၀ ကျော်ကိုလည်း သိမ်းပိုက်ရရှိထားကြောင်း ကရင်နီတော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(Progressive Karenni People Force-PKPF)သည် ရှမ်းပြည်နယ် တောင်ပိုင်း နှင့် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး နှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို စောင့်ကြည့်မှတ်တမ်းတင်ထုတ်ပြန်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...
Photo crd : CJ
May 22, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို-တောင်ငူလမ်းတွင် ပြီးခဲ့သည့် မေလ(၁၉)ရက်၊ ညအချိန်က...