စစ်ကောင်စီက မင်းတပ်မြို့နယ်ထဲ ပေါင် ၅၀၀ ဗုံးများဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီက မင်းတပ်မြို့နယ်ထဲ ပေါင် ၅၀၀ ဗုံးများဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ဒေသထဲက တစ်နေရာကို  စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံများ အသုံးပြုပြီး ၂ ကြိမ် ထပ်မံတိုက်ခိုက်သွားကြောင်း မင်းတပ်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

“ မနေ့က နှစ်ကြိမ်ပေါ့။ ညနေဘက်မှာ တစ်ကြိမ်၊ ည ၁၁ နာရီလောက်မှာ တစ်ကြိမ် တိုက်ခိုက်တယ်။ ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။ တောထဲ တောင်ထဲမှာပဲကျတယ် ” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။

မေလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်တွင် မင်းတပ်မြို့နယ်၊ တိုက်နယ် (၂) ထဲက ကျေးရွာတစ်ရွာအနီးဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချ၍ တိုက်ခိုက်သွားကြောင်း မင်းတပ်မြို့ခံတစ်ဦးကလည်း ပြောဆိုသည်။

ထို့အပြင် ည ၁၁ နာရီခန့်မှာလည်း ယင်းနေရာကိုပင် ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်ကလည်း စစ်ကောင်စီသည် တိုက်နယ် (၂) ထဲက ဝမ္မသူးဆေးရုံကို ပေါင် ၅၀၀ ဗုံးများအပါအဝင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ရာ ပြည်သူ (၅) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးအထိရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်မှာပင် တိုက်နယ် (၂) ထဲက ရွာတစ်ရွာအနီးဝန်းကျင်ကို စစ်ကောင်စီသည် ဗုံးအလုံးရေ ရာချီဖြင့် လည်ပတ်၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၃ နှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်ထဲတွင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကလေးငယ်အပါအဝင် ပြည်သူ ၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုရားကျောင်း ၈ လုံး၊ ဘုန်းကြီးကျောင်း ၄ လုံးနှင့် နေအိမ်ပေါင်း ၈၈ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...
ဓာတ်ပုံ - (မင်းတပ်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေရာ / Crd)
August 31, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၂) အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က...