မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ (၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်မှုများခဲ့တယ်လို့ သိရ

မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ (၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်မှုများခဲ့တယ်လို့ သိရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့   ည (၈) နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူလျက်ရှိတဲ့ အရပ်သားပြည်သူ (၂) ဦးထက်မနည်းသေဆုံးခဲ့ပြီးထိခိုက်မှုများစွာရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးမင်းတပ်က ထုတ်ပြန်ထားပါတယ်။

ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူများရှိတဲ့ အခြားနေရာများမှာလည်းလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုအသေးစိတ်မသိရသေးဘူးလို့လည်း ချင်းကာကွယ်ရေးမင်းတပ်က ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ညနေ လေးနာရီခွဲလောက်ကနေ မင်းတပ်မြို့တိုက်နယ်(၁) ဘက်က နေရာတချို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာ တစ်စီးက ပေါင် ၅၀၀ ဗုံးကြဲချပြီး လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

အလားတူ ၎င်းနေရာဝန်းကျင်ကို Y12 ဗုံးကြဲ လေယာဉ်နဲ့လည်း ၆၀ မမ ဗုံးသီးအလုံး ၅၀ ခန့်လောက် ကြဲချတိုက်ခိုက်ခဲ့ပြီး မီးလောင်ဗုံးကြောင့်လည်း တောမီးလောင် နေခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...