မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ (၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်မှုများခဲ့တယ်လို့ သိရ

မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ (၂) ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်မှုများခဲ့တယ်လို့ သိရ

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့   ည (၈) နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသမှုခံယူလျက်ရှိတဲ့ အရပ်သားပြည်သူ (၂) ဦးထက်မနည်းသေဆုံးခဲ့ပြီးထိခိုက်မှုများစွာရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးမင်းတပ်က ထုတ်ပြန်ထားပါတယ်။

ဝမ္မသူးဆေးရုံအပြင် အရပ်သားပြည်သူများရှိတဲ့ အခြားနေရာများမှာလည်းလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုအသေးစိတ်မသိရသေးဘူးလို့လည်း ချင်းကာကွယ်ရေးမင်းတပ်က ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ညနေ လေးနာရီခွဲလောက်ကနေ မင်းတပ်မြို့တိုက်နယ်(၁) ဘက်က နေရာတချို့ကို စစ်ကောင်စီ ဂျက်ဖိုက်တာ တစ်စီးက ပေါင် ၅၀၀ ဗုံးကြဲချပြီး လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

အလားတူ ၎င်းနေရာဝန်းကျင်ကို Y12 ဗုံးကြဲ လေယာဉ်နဲ့လည်း ၆၀ မမ ဗုံးသီးအလုံး ၅၀ ခန့်လောက် ကြဲချတိုက်ခိုက်ခဲ့ပြီး မီးလောင်ဗုံးကြောင့်လည်း တောမီးလောင် နေခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...