ဖားကန့် ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ဖားကန့် ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ဖားကန့်မြို့ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ည ၁၂ နာရီမှာ သိမ်းပိုက်လိုက်ပြီလို့ ကနဦးသတင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ ဆယ်ဇင်းရဲစခန်းကို သိမ်းပိုက်ထားပြီးနောက် ၁၀ ရက်ကျော်အကြာ ဧပြီလ ၂၀ ရက်နေ့ကနေ တပ်စခန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ သိရပေမယ့် အသေးစိတ်တော့ မသိရသေးပါဘူး။

ဒါ့အပြင် ဆယ့်ဇင်းစခန်းအားလုံး သိမ်းပိုက်ပြီးစီးခဲ့ပြီးနောက် ဒီနေ့မနက်ပိုင်း ဖားကန့်မြို့ အဝင် ပန်းတင်တံတားဂိတ်မှာလည်း ပစ်ခတ်တိုက်ခိုက်သံများဆက်တိုက်ထွက်ပေါ်နေတဲ့အပြင် ဖားကန့်မြို့မရဲစခန်းမှာလည်း ဘန်ကာ အသစ်များ ဆက်လက်ဆောက်လုပ်နေတယ်လို့ ဒေသခံများက ပြောပါတယ်။

April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...
April 21, 2026
စစ်အစိုးရ ကြေညာသော လွတ်ငြိမ်းချမ်းသာခွင့်ပေးသူ ကိန်းဂဏန်းမှာ အတုအယောင်သာဖြစ်ဟု...
April 21, 2026
မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာကြောင့်...