ဖားကန့် ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ဖားကန့် ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ် သိမ်းပိုက်

ဖားကန့်မြို့ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၃ ရက်နေ့ ည ၁၂ နာရီမှာ သိမ်းပိုက်လိုက်ပြီလို့ ကနဦးသတင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ ဆယ်ဇင်းရဲစခန်းကို သိမ်းပိုက်ထားပြီးနောက် ၁၀ ရက်ကျော်အကြာ ဧပြီလ ၂၀ ရက်နေ့ကနေ တပ်စခန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ သိရပေမယ့် အသေးစိတ်တော့ မသိရသေးပါဘူး။

ဒါ့အပြင် ဆယ့်ဇင်းစခန်းအားလုံး သိမ်းပိုက်ပြီးစီးခဲ့ပြီးနောက် ဒီနေ့မနက်ပိုင်း ဖားကန့်မြို့ အဝင် ပန်းတင်တံတားဂိတ်မှာလည်း ပစ်ခတ်တိုက်ခိုက်သံများဆက်တိုက်ထွက်ပေါ်နေတဲ့အပြင် ဖားကန့်မြို့မရဲစခန်းမှာလည်း ဘန်ကာ အသစ်များ ဆက်လက်ဆောက်လုပ်နေတယ်လို့ ဒေသခံများက ပြောပါတယ်။

Most read this week

May 17, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်...
May 16, 2024
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 15, 2024
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...