လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ကလေးအပါအဝင် ၆ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ကလေးအပါအဝင် ၆ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီမှ လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချကာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက် ၅ နှစ်အောက် မိန်းကလေး (ကလေးငယ်) ၂ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသား ၄ ဦးတို့ဖြစ်ကြောင်း Kayan New Generation Youth-KNGY က ယမန်နေ့ ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ဗုံးကြဲမှုကြောင့် ကုန်းသားကျေးရွာ နေအိမ် ၂၀ လုံးခန့် ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

Most read this week

May 18, 2024
သျှမ်းတောင်၊ ရွာငံမြို့နယ်တွင်ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို...
May 17, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်တွေကြောင့်...
May 17, 2024
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ...
May 16, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ...