မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA စစ်ဆေးရေးဂိတ်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA စစ်ဆေးရေးဂိတ်၌ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)

သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်ဆေးရေး ဂိတ်တွင် လုံခြုံရေးတာဝန်ယူထားသည့် တပ်သားတစ်ဦးက ဒေသခံ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ သည်။

ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးမှ KIA စစ်ဆေးရေးဂိတ်ရှေ့တွင် သဲကားမောင်းနှင်လာသည့် အသက် ၃၂ နှစ်အရွယ် အမျိုးသားကို KIA တပ်သား တစ်ဦးက အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။

မျက်မြင်တွေ့ရှိခဲ့သည့် ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက “သူက သဲတင်တဲ့ ကားကို မောင်းလာတာ။ အဲ့ KIA စစ်ဆေးရေးဂိတ်မှာ အပစ်ခံရတာ။ ဘာကြောင့် ပစ်တာလဲဆိုတာတော့ သေချာမသိသေးဘူး။ ဘယ်ဖက်ပခုံးကို ကျည်ဝင်သွားတာ။ တရုတ်ဘက်ကို ပို့လိုက်ရတယ်။ ဒီဖက်မှာ ဆေးကုသခံယူဖို့ အဆင်မပြေလောက်လို့ ပို့ရ တာ” ဟု ပြောသည်။

အသက် ၃၂ နှစ်အရွယ် နမ့်လျှန်ကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဒေသခံများ စုဝေးကာ အဆိုပါ စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ ဖယ်ရှားလိုက်ကြသည်။

“ခုရွာက ဒေသခံတစ်ယောက်ပစ်ခံရပြီးနောက်တော့ ဒေသခံတွေ စုပြီး KIA ရဲ့ သက်ဆိုင်ရာနဲ့ စကားပြောပြီး ဂိတ်ကို ဖယ်ရှားလိုက်တယ်။ သူတို့ပြီးခဲ့တာ ဇူလိုင်မှာ ဖြတ်သွား ဖြတ်လာကားတွေကိုလည်း ငွေကောက်က တည်းက ဒေသခံတွေလည်း အဆင်မပြေဘူး” ဟု အဆိုပါ မျက်မြင်တွေ့ရှိသည့် အမျိုးသားက ဆက် ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ သျှမ်းသံတော်ဆင့်က ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်၌ ဖွင့်လှစ်ထားသည့် KIA စစ်ဆေးရေးဂိတ်သည် အိမ်စီးကားများအပြင် ကုန်တင်ကားကြီး၊ ကုန်တင်ကားငယ်များထံမှ ဘီးလိမ့်ခွန် ကောက်ခံနေသဖြင့် ဒေသခံ များအကြား မကြေနပ်မှုများ ရှိခဲ့သည်။

မူဆယ်မြို့နှင့် နမ့်ခမ်းမြို့သည် ၁၉ မိုင်ခန့်သာ ကွာဝေးပြီး အဆိုပါ လမ်းပိုင်းတွင် စစ်အုပ်စုတပ်၏ စစ်ဆေးရေး ဂိတ် ၂ ဂိတ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ စစ်ဆေးရေးဂိတ် ၂ ဂိတ်၊ ကိုးကန့်တပ် (MNDAA) ၏ စစ်ဆေးရေးဂိတ် ၁ ဂိတ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ စစ်ဆေးရေးဂိတ် ၂ ဂိတ်နှင့် KIA ၏ စစ်ဆေးရေးဂိတ် ၁ ဂိတ် စုစုပေါင်း ၈ ဂိတ်အထိ ရှိနေသည်။

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...