လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ကလေးအပါအဝင် ၆ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ကလေးအပါအဝင် ၆ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီမှ လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချကာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက် ၅ နှစ်အောက် မိန်းကလေး (ကလေးငယ်) ၂ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသား ၄ ဦးတို့ဖြစ်ကြောင်း Kayan New Generation Youth-KNGY က ယမန်နေ့ ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ဗုံးကြဲမှုကြောင့် ကုန်းသားကျေးရွာ နေအိမ် ၂၀ လုံးခန့် ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် အထိုင်ချ တပ်စွဲထားသည့်...
ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
August 18, 2026
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “...