မင်းဘူး-မကွေးလမ်းတွင် တိုက်ပွဲဖြစ်ပွား

မင်းဘူး-မကွေးလမ်းတွင် တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်၊ အမ်းမြို့နယ်၏ အရှေ့ဖက်အခြမ်း မိုင် ၂၀ ကျော်အကွာ မင်းဘူး-မကွေး ကားလမ်းရှိ င/ပျင်းကျေးရွာအနီးတွင် ယနေ့ (ဧပြီ ၁၆ ရက်) နံနက် ၁၀ နာရီကျော်အချိန်ကစ၍ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်က ပြောသည်။

“အမ်းကနေ စစ်ကောင်စီတပ်သား စစ်ကား ၆ စီးနဲ့ စစ်ကြောင်းထိုးနေတာကို AA က ဟန့်တား တိုက်ခိုက်တာဖြစ်တယ်” ဟု အမ်းမြို့နယ်ရှိ ခိုင်လုံသည့်သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲမှာ ပြင်းထန်သဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်မှုများနေကြသည်ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“လက်နက်ငယ်သံတွေ၊ လက်နက်ကြီးသံတွေ တော်တော်ကြားရတယ်။ ကြားရတာ တိုက်ပွဲပြင်းထန်နေတဲ့ပုံဘဲ” ဟု အမ်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

မကြာမီအချိန်တိုအတွင်း ရခိုင်ပြည်တစ်ပြည်လုံး သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခတပ်တော်(AA) တည်ထောင်ခြင်း ၁၅ နှစ်ပြည့်နေ့တွင် ပြောဆိုထားသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် မြို့နယ် (၉) ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဘူးသီးတောင်၊ မောင်တောနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။

စစ်ကောင်စီ၏ လက်နက်ချ အညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ်နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...
ဓာတ်ပုံ - နိရဉ္စရာသတင်းဌာန
September 7, 2026
ရခိုင်ပြည်နှင့် မြန်မာနိုင်ငံတစ်ဝန်း လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းများမှာ နိုင်ငံရေးနှင့်...
စစ်ဘေးတိမ်းရှောင်နေရသည့် ပုဏ္ဏားကျွန်းဒေသခံအချို့ - ပုံဟောင်း / APM
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ် အစပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းနှင့်...
Wai Hun Aung (Facebook) / ဇွန်လ ၁၅ ရက်က ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ လာသော စက်လှေတစ်စီး တိမ်းမှောက်ကာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။
September 5, 2026
ရခိုင်ပြည်တွင် ယခုနှစ် မိုးတွင်းကာလ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် တိုးလာနေပြီး...