မင်းဘူး-မကွေးလမ်းတွင် တိုက်ပွဲဖြစ်ပွား

မင်းဘူး-မကွေးလမ်းတွင် တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်၊ အမ်းမြို့နယ်၏ အရှေ့ဖက်အခြမ်း မိုင် ၂၀ ကျော်အကွာ မင်းဘူး-မကွေး ကားလမ်းရှိ င/ပျင်းကျေးရွာအနီးတွင် ယနေ့ (ဧပြီ ၁၆ ရက်) နံနက် ၁၀ နာရီကျော်အချိန်ကစ၍ စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို အာရက္ခတပ်တော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်က ပြောသည်။

“အမ်းကနေ စစ်ကောင်စီတပ်သား စစ်ကား ၆ စီးနဲ့ စစ်ကြောင်းထိုးနေတာကို AA က ဟန့်တား တိုက်ခိုက်တာဖြစ်တယ်” ဟု အမ်းမြို့နယ်ရှိ ခိုင်လုံသည့်သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲမှာ ပြင်းထန်သဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်မှုများနေကြသည်ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“လက်နက်ငယ်သံတွေ၊ လက်နက်ကြီးသံတွေ တော်တော်ကြားရတယ်။ ကြားရတာ တိုက်ပွဲပြင်းထန်နေတဲ့ပုံဘဲ” ဟု အမ်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

မကြာမီအချိန်တိုအတွင်း ရခိုင်ပြည်တစ်ပြည်လုံး သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခတပ်တော်(AA) တည်ထောင်ခြင်း ၁၅ နှစ်ပြည့်နေ့တွင် ပြောဆိုထားသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် မြို့နယ် (၉) ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဘူးသီးတောင်၊ မောင်တောနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။

စစ်ကောင်စီ၏ လက်နက်ချ အညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ်နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။

Most read this week

May 1, 2024
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါနှင့်...
April 30, 2024
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီက...
April 30, 2024
မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်သားနှင့်...
April 29, 2024
စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်၊ တော်လှန်ရေးအင်အားစုတို့၏ ဧပြီလ ၁၀ ရက်မှ ၂၃ ရက်ထိ...