ကန်ပက်လက်မှာ ၆၅ နှစ်ရွယ်အဖိုးအိုတစ်ဦးကို စစ်ကောင်စီက ပစ်သတ်၊ နောက်ထပ်သက်ကြီးရွယ်အို ၂ ဦး ပျောက်ဆုံးနေ

ကန်ပက်လက်မှာ ၆၅ နှစ်ရွယ်အဖိုးအိုတစ်ဦးကို စစ်ကောင်စီက ပစ်သတ်၊ နောက်ထပ်သက်ကြီးရွယ်အို ၂ ဦး ပျောက်ဆုံးနေ
တိုက်ပွဲကြောင့် တောထဲထွက်ပြေးတိမ်းရှောင်ကြသော ကန်ပက်လက်ဒေသခံများ
တိုက်ပွဲကြောင့် တောထဲထွက်ပြေးတိမ်းရှောင်ကြသော ကန်ပက်လက်ဒေသခံများ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီက ဒေသခံသက်ကြီးရွယ်အိုတစ်ဦးကို ပစ်သတ်လိုက်ပြီး နောက်ထပ်သက်ကြီးရွယ်အို ၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကန်ပက်လက်မြို့၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ သတင်း ရရှိသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေရာ ရဟတ်ယာဉ်များဖြင့် လွန်ခဲ့သော တစ်ပတ်ခန့်က တောတွင်းတစ်နေရာမှာ ချခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဧပြီ ၄ ရက်တွင် ဖျန်ချောင်းကျေးရွာကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် ဖျန်ချောင်းကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး  ကျေးရွာအတွင်းကျန်ရစ်ခဲ့သော ၆၅ နှစ်အရွယ် သက်ကြီးအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်သတ်ထားကြောင်း သိရသည်။

သက်ကြီးရွယ်အိုပြည်သူ ၂ ဦးမှာလည်း ဧပြီ ၄ရက်မှ ယနေ့ ဧပြီ ၅ ရက်အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီမှ လေကြောင်း ပစ်ခတ်မှုများ၊ နေအိမ်များကို မီးရှို့မှုများကြောင့် ကျေးရွာအတွင်းမှ နေအိမ်တချို့ မီးလောင်ပျက်စီးနေပြီး ကျေးရွာနေ ပြည်သူ ၁၅၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရဿည်။

ယနေ့အထိလည်း ဖျန်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားဆဲဖြစ်ပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များဖြင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

ယင်းစစ်ဘေးရှောင်ပြည်သူများကို ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေပြီး ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့်လည်း တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...