လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့နယ် ပျဉ်းခုံကြီးရွာက ကလေးငယ်အပါအပါအဝင် ၃ ဦးသေဆုံးကာ ပျဉ်းခုံလေးရွာက နေအိမ်တချို့ ပျက်စီး

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့နယ် ပျဉ်းခုံကြီးရွာက ကလေးငယ်အပါအပါအဝင် ၃ ဦးသေဆုံးကာ ပျဉ်းခုံလေးရွာက နေအိမ်တချို့ ပျက်စီး

စစ်ရေးတင်းမာလျက်ရှိတဲ့ ကလေးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့  ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ပြီး မနေ့ မတ်လ (၂၀) ရက်နေ့ကလည်း ပျဉ်းခုံကြီးရွာက ကလေးငယ်အပါအဝင် ၃ ဦး သေဆုံးခဲ့ရကာ ကလေးမြို့နယ် ပျဉ်းခုံလေးရွာကို  စစ်ကောင်စီ ဒရုန်းတိုက်ခိုက်ခဲ့လို့ နေအိမ်တချို့ ပျက်စီးခဲ့ရတဲ့ အဆောက်အဦးတွေလို့ သိရပါတယ်။

ပျဉ်းခုံလေးရွာကိုလည်း ပြီးခဲ့တဲ့ မတ်လ (၁၉) ရက်နေ့က စစ်ကောင်စီ ဘက်က မီးရှို့ခဲ့တယ်လို့လည်း ဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ နေ့တိုင်း ပစ်ခတ်တာမျိုးလုပ်ခဲ့သလို ပျဉ်းခုံလေးရွာသား ၃ ဦးလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

June 6, 2026
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်ကြောင်းထိုးလာတဲ့...
June 5, 2026
အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ -...
June 4, 2026
စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးပြီး တိုက်ပွဲဖြစ်နေတာကြောင့် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်...
June 3, 2026
လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ - မြန်မာနယ်စပ်က...