လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့နယ် ပျဉ်းခုံကြီးရွာက ကလေးငယ်အပါအပါအဝင် ၃ ဦးသေဆုံးကာ ပျဉ်းခုံလေးရွာက နေအိမ်တချို့ ပျက်စီး

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့နယ် ပျဉ်းခုံကြီးရွာက ကလေးငယ်အပါအပါအဝင် ၃ ဦးသေဆုံးကာ ပျဉ်းခုံလေးရွာက နေအိမ်တချို့ ပျက်စီး

စစ်ရေးတင်းမာလျက်ရှိတဲ့ ကလေးမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့  ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ပြီး မနေ့ မတ်လ (၂၀) ရက်နေ့ကလည်း ပျဉ်းခုံကြီးရွာက ကလေးငယ်အပါအဝင် ၃ ဦး သေဆုံးခဲ့ရကာ ကလေးမြို့နယ် ပျဉ်းခုံလေးရွာကို  စစ်ကောင်စီ ဒရုန်းတိုက်ခိုက်ခဲ့လို့ နေအိမ်တချို့ ပျက်စီးခဲ့ရတဲ့ အဆောက်အဦးတွေလို့ သိရပါတယ်။

ပျဉ်းခုံလေးရွာကိုလည်း ပြီးခဲ့တဲ့ မတ်လ (၁၉) ရက်နေ့က စစ်ကောင်စီ ဘက်က မီးရှို့ခဲ့တယ်လို့လည်း ဒေသတွင်း သတင်းတွေဖော်ပြချက်အရ သိရပါတယ်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပိုဖြစ်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ နေ့တိုင်း ပစ်ခတ်တာမျိုးလုပ်ခဲ့သလို ပျဉ်းခုံလေးရွာသား ၃ ဦးလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...