ဗန်းမော်တက္ကသိုလ်ဝန်ထမ်းများအားလုံး နေရာပြောင်း ရွှေ့ စစ်တပ်ကတပ်စွဲနေရာယူ

ဗန်းမော်တက္ကသိုလ်ဝန်ထမ်းများအားလုံး နေရာပြောင်း ရွှေ့ စစ်တပ်ကတပ်စွဲနေရာယူ

ဗန်းမော်မြို့ တက္ကသိုလ်ဝင်းထဲမှာနေထိုင်တဲ့ ဝန်ထမ်းအားလုံးအပါအဝင် ကျောင်းသား၊သူ‌တွေကို စစ်တပ်က နေရာပြောင်းရွှေ့ပေးပြီး တက္ကသိုလ်ဝင်းထဲ တပ်စွဲနေရာယူနေပြီလို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့ည ၇ နာရီဝန်းကျင်ကနေ ဗန်းမော်မြို့ နန့်ဖားသက္ကသိုလ်က ဆရာ၊မနဲ့ ကျောင်းသား၊သူအားလုံးကို နန့်ဖားတက္ကသိုလ်ကနေ ၃မိုင်နည်းပညာသက္ကသိုလ်ကို ပို့ဆောင်ထားတဲ့အပြင် တစ်ချို့ကိုတော့ နေရပ်ပြန်ခိုင်းပြီး တက္ကသိုလ်ဝင်းထဲ တပ်စွဲနေကြပြီလို့ မြို့ခံတစ်ယောက်က KNG ကိုပြောပါတယ်။

" အားလုံးမောင်းထုတ်လိုက်ပြီ တစ်ချို့ကို‌တော့စစ်ကားနဲ့ခေါ်ပြီး ပြောင်းလိုက်တာ။ တစ်ချို့ကျတော့ ကိုယ့်ဆိုင်ကယ်နဲ့ပြန်သွားတာလည်းရှိတယ်" လို့ ပြောပါတယ်။

ပြောင်းရွှေ့ခံရတဲ့ နန့်ဖားတက္ကသိုလ်မှာ ဝန်ထမ်းများ ကျောင်းသား၊သူ စုစုပေါင်း ၆၀၀ ထက်မနည်းရှိနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

မြို့ခံတွေပြောတာကတော့ ဗန်းမော်မြို့မှာ မနေ့ကစပြီး စစ်အင်အားအလုံးအရင်းဖြည့်တင်းနေပြီး မြို့တွင်းမြို့ပြင် နေရာအနှံ့တပ်ချထားတယ်လို့ သိရပါတယ်။

စစ်တပ်အနေနဲ့ ခုလို လုပ်ဆောင်လာတာဟာ ဒီကနေ့ မနက်စပြီး မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက် စစ်တပ်စခန်းတွေကို KIA က ဝင်တိုက်နေတာကြောင့် ဗန်း‌မော်ဘက်ကိုလည်း ကြိုတင်ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

" ဗန်းမော်အရမ်းနီးနေပြီလေ မိုးမောက်ဘက် မံစီဘက် ဗန်းမော်က ပိတ်နေတဲ့အနေထားမှာရှိနေပြီ အဲကြောင့် လုပ်နေတာနေမှာပေါ့" လို့ နောက်ထပ် ဗန်းမော်မြို့ခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ဗန်းမော်မြို့တွင်းမြို့ပြင်ဝင်ထွက်စစ်ဆေးရေးတွေတင်းကြပ်နေပြီး မြို့တွင်းတပ်ကနေလည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။

အလားတူဗန်းမော်မြို့ လေဆိပ်လည်း ဒီကနေ့ မနက် လက်နက်ကြီးနဲ့ ပစ်ခံရတာကြောင့် လေဆိပ်သွားတဲ့လမ်းကိုလည်း ပိတ်လိုက်ပြီလို့ သိရပါတယ်။

လက်ရှိ ဗန်းမော်မြို့နယ်ရဲ့မြောက်ပိုင်းခြမ်းဖြစ်တဲ့ နမ့်ဖားဂိတ်၊နောင်ပိုဘက်၊မိုးမောက်ဘက်သွားတဲ့ ကျောက်စခန်းဂိတ်တွေအားလုံးပိတ်ထားပြီလို့ သိရပါတယ်။

Most read this week

December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...