စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားအလောင်း ၇၀ ကျော်တွေ့ရှိ

စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားအလောင်း ၇၀ ကျော်တွေ့ရှိ

ကချင်ပြည်နယ် မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေဆောင်ရွက်ရာမှာ စစ်ကောင်စီစစ်သားတွေရဲ့ ရုပ်အလောင်း ၇၀ ကျော်အထိ ရှာဖွေတွေ့ရှိခဲ့ပြီး လက်နက်ခဲရမ်းတွေလည်း ဆယ်ဘီးကားတစ်စီခန့် သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ အခိုင်အမာနဲ့ ခြေကုပ်ယူထားတဲ့ စီးခမ်းကြီးဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF၊AA ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးလို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ သေဆုံးနေတဲ့ စစ်ကောင်စီ စစ်သားတွေရဲ့ရုပ်အလောင်းအများအပြားတွေ့ရှိခဲ့တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

“စခန်းကုန်းမှာတင်လေးပဲမဟုတ်ဘူး စခန်းအပြင်ဘက်မှာတွေလည်းအများကြီးပဲ။ သူတို့ ကျတာတွေက ကျွန်တော်ခန့်မှန်းပြောရရင် ၆၀၊ ၇၀ ကျော်ရောက်သွားမှာ သူတို့နောက်ထပ် စခန်းကနေထွက်ပြေးတဲ့အချို့ဒရုန်းတွေနဲ့လိုက်ချတော့စခန်းကုန်းနဲ့ ဝေးတယ် ၂ ဖာလုံလောက်မှာလည်း အလောင်းတွေသွားတွေ့တာ”လို့ ပြောပါတယ်။

စခန်းသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတင် စခန်းကုန်းအတွင်း အလောင်း ၄၈ လောင်းအထိတွေ့ရှိခဲ့ပြီး နောက်ထပ်နယ်မြေရှင်းလင်းရေးဆက်လုပ်ရာမှာ စခန်းကုန်းအနီးဝန်းကျင်တွေနဲ့ စခန်းနဲ့ဝေးတဲ့ တောထဲတွေမှာလည်း ဒရုန်းနဲ့တိုက်ခိုက်ခံရမှုနဲ့ ဒဏ်ရာနဲ့ထွက်ပြေးပြီး သွေးလွန်သေဆုံးသွားတဲ့ရုပ်အလောင်းတွေထပ်တွေ့ခဲ့ရာစုစုပေါင်း ၇၀ ကျော်အထိရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစီးခမ်းကြီးဗျူဟာကုန်းထဲမှာ နဂိုစီးခမ်းကြီးအထိုင်တပ်ထဲကစစ်သားတွေအပြင် ၂၀၂၃ ခုနှစ်က ရွှေကူနယ် မံဝိန်းကြီးစခန်းသိမ်းခံရပြီးနောက် မံဝင်းကြီးစခန်းထဲက ပူးပေါင်းလာတဲ့စစ်သာတွေနဲ့ ရှမ်းပြည်နယ် မိုးမိတ်တပ်ထဲက ထွက်ပြေးလာတဲ့စစ်သားတွေအပါစုစုပေါင်းအင်အား ၂၀၀ ကျော်တပ်ထိုင်နေတာဖြစ်ပြီး အများစုက နန့်လင်းပါတောင်ဘက်ကိုထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

“ရွှေကူဘက်မဟုတ်ဘူးရွှေကူဘက်က ကျွန်တော်တို့ဘက်ကပိတ်ထားတယ်။ ဗန်းမော်ဘက်ကိုလည်းပိတ်ထားတယ်။ သူတိူ့တွက်လမ်းကြောဟထားပေးတာက နန့်လင်းပါဘက်ကိုဟထားပးတာနန့်လင်းပါတောင်မှာကျတော့သူတို့ဟောင်ဝင်စာအမြောက်တွေနဲ့ လှမ်းပစ်တယ် ၁၂၀ တွေနဲ့ပစ်တယ်အဲ့ဒီပစ်တဲ့ဘက်ကိုပဲသူတို့ပြန်ဆုတ်သွားတယ်”လို့ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်ပိုက်ထားတဲ့စခန်းကုန်းပေါ်ကနေ လက်နက်ကြီး၊လက်နက်ငယ်၊ ကျည်နဲ့ဗုံးသီးစတဲ့ လက်နက်ခဲရမ်းတွေ ၁၀ ဘီးကားတစ်စီးစာ သိမ်းပိုက်ရရှိခဲ့ပေမယ့် စခန်းသိမ်းတဲ့နေ့မှာပဲစစ်ကောင်စီတပ်က လက်နက်သိုလောင်ရုံက်ိုဗုံးကျဲဖျက်စီးခဲ့တာကြောင့် သိမ်းဆည်းရမိနဲ့လက်နက်ခဲယမ်းတစ်ချို့က အပျက်အစီးတွေပဲ ဖြစ်နေတယ်လို့သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲ မှာစစ်ကောင်စီဘက်က ၇၀ ဝန်းကျင် သေဆုံးခဲ့သလို KIA၊ KPDF ဘက်ကလည်း KPDF တပ်ဖွဲ့ဝင် ၈ဦးသေဆုံးခဲ့ပြီး AA ဘက်က တပ်ခွဲမှူးတစ်ဦးစုစုပေါင်း ၉ ဦးကျဆုံးသွားပြီး ၁၀ ဦးကျော် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...