မံစီနယ်က ကျေးရွာ ၈ ရွာ စစ်ဘေးရှောင်နေရ စစ်ရှောင်တွေက ဗန်းမော်နဲ့ တောနေရာတွေမှာ တိမ်းရှောင်

မံစီနယ်က ကျေးရွာ ၈ ရွာ စစ်ဘေးရှောင်နေရ စစ်ရှောင်တွေက ဗန်းမော်နဲ့ တောနေရာတွေမှာ တိမ်းရှောင်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာ စစ်တပ်ရဲ့လေကြောင်းရန်ကို စိုးရိမ်ရတဲ့အတွက် ရွာပေါင်း ၈ ကပြည်သူတွေ  စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ မံစီနယ်ထဲက စီးခမ်းကြီစခန်းကို လက်လွတ်လိုက်ရတဲ့နောက် ၊ မက်လင်၊ လော်ခိုင်ရွာ၊ ခါချဥ်ရွာစတဲ့ကျေးရွာတွေကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် မနေ့ကထိ ရွာပတ်ပတ်လည် လေယာဥ်တွေပျံဝဲနေတာကြောင့် လက်ရှိကျေးရွာ ၈  ရွာအထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စီးခမ်းကြီး ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။

“ဒီဘက်ကဆိုရင်လော်ခိုင်ရွာအထိလာကျဲတယ် သူတို့ ဒီဘက်ကဆိုရင်လည်း မက်လင်ရွာအထိလာကျဲတယ် မက်လင်ထဲက စာသင်ကျေးရွာကျဲတယ် ဘုန်းကြီးကျောင်းထိတယ် အိမ်တွေထိတယ်အိမ်တွေကကျတော့ ကျွန်တော့်သူငယ်ချင်းဆိုရင် အိမ်ပြိုကျပြီးစုတ်ပြတ်သတ်သွားတယ် ဘေးနားရွာတွေကတော့ အကုန်တိမ်းနေရတယ်လောလောဆယ် လေယာဥ်ကမကြာမကြာ လာလာဝဲ နေတယ်လေ”လို့သူကပြောပါတယ်။

လော်ခိုင်နဲ့ မက်လင် ကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဗုံးကျဲခဲ့တာဖြစ်ပြီး စီးခမ်းကျေးရွာကိုတော့ စီးကြီးဗျူဟာကုန်းသိမ်းခံရတဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာဗုံးကျဲခဲ့တာကြောင့် လူနေအိမ်အများအပြားပျက်စီးသွားတဲ့အပြင် အရပ်သားသေဆုံးမှု ၈ ဦးအထိရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းရန်ကြောင့် လက်ရှိတိမ်းရှောင်နေရတဲ့ကျေးရွာတွေဟာ ခါချဥ်၊ စီကော်၊ မွန်ဆင့်၊ ပန်းသိုင်၊ သံတံတား၊ လော်ခိုင်၊ မက်လင်၊စီးခမ်းကြီးစတဲ့ကျေးရွာတွေဖြစ်ပြီးအများစုက တောတောင် တွေထဲမှာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

“စစ်ရှောင်စခန်းကြီးရယ်လို့သီးသန့်မရှိဘူး ကိုယ့်နေရာသူ့နေရာ အဲ့လိုပဲတိမ်းနေကြတယ် ကျွန်တော့်သူငယ်ချင်ဆိုရင် ဟိုးတောင်ကြာထဲရောက်သွားတယ်တဲ့”လို့အထက်ပါအမျိုးသားကပြောပါတယ်။

လက်ရှိတိမ်းရှောင်နေကြတဲ့စစ်ဘေးရှောင်ပြည်သူထဲက သုံးပုံ တစ်ပုံခန့်ဟာ ဗန်းမော်မြို့ထဲကိုတိမ်းရှောင်သွားကြပြီးအများစုက တောတောင်တွေထဲမှာလို့သိရပါတယ်။

KIAနှင့်KPDF ပူးပေါင်းတပ်တွေဟာ စီးခမ်းကြီးကျေးရွာထဲက စစ်ကောင်စီတပ်စခန်းကုန်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက် ပိုင်းမှာဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိစစ်ကောင်စီဗုံးကျဲနေတဲ့ ကျေးရွာတွေဟာလည်း စီးခမ်းကြီးအနီးဝန်းကျင်က ကျေးရွာတွေ ဖြစ်ပါတယ်။

စီးခမ်းကြီးစစ်တပ်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီစစ်သား ၂ ဦးအရှင်ဖမ်းမိပြီး တိုက်ပွဲအတွင်းသေဆုံးနေတဲ့ စစ်ကောင်စီစစ်သား ရုပ်အလောင်း ၅၂ လောင်းနဲ့ လက်နက်ခဲယမ်း ဆယ်ဘီးကားတစ်စီး စာကိုလည်း KIA၊ KPDF ဘက်ကရရှိထားတယ်လို့သိရပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...