အိန္ဒိယ-မြန်မာ နယ်စပ် လွှတ်လပ်စွာသွားလာခွင့်ကို ရပ်ဆိုင်း

အိန္ဒိယ-မြန်မာ နယ်စပ် လွှတ်လပ်စွာသွားလာခွင့်ကို ရပ်ဆိုင်း

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် လွတ်လပ်စွာသွားလာခွင့်( FMR) ကို အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ဖျက်သိမ်းကြောင်း  ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အရှေ့မြောက်ပိုင်းက ပြည်နယ်တွေရဲ့ လူဦးရေးစာရင်းကို ထိန်းသိမ်းဖို့ ၊  ပြည်တွင်းလုံခြုံရေး အတွက်  နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာသွားလာခွင့်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းတာလည်းဖြစ်ပါတယ်။

“ဒါဟာ ဝန်ကြီးချုပ်  နရာတျာမိုဒီ ရဲ့ နယ်စပ်လုံခြုံရေးအတွက် ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်” လို့  အိန္ဒိယ နိုင်ငံ ပြည်ထဲရေးဝန်ကြီးက ၎င်းရဲ့ X စာမျက်နှာကနေ ပြောဆိုထားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက FMR အစီအစဉ်ကို ဖြတ်သိမ်းဖို့အတွက် ဆုံးဖြတ်ထားပြီဖြစ်တာကြောင့် နိုင်ငံတကာဝန်ကြီးဌာနအနေနဲ့လည်း ချက်ခြင်းဆောင်ရွက်ပေးဖို့ အကြုံပြုထားတယ်လို့ ၎င်းက ဆက်ပြောထားပါတယ်။

FMR အောက်မှာ  အိန္ဒိယနိုင်ငံသားဖြစ်စေ မြန်မာနိုင်ငံသားဖြစ်စေ နယ်စပ်တစ်ဖက်တစ်ချက်ရှိ ၁၆ ကီလိုမီတာအကွာတွင် နေထိုင်သည့် တောင်ပေါ်သားမျိုးနွယ်စုဝင်တိုင်းသည် နယ်စပ်ဖြတ်သန်းခွင့်ကို ဖြတ်ကျော်နိုင်သလို နှစ်ပတ်အထိ နေထိုင်ခွင့်ရရှိထားတာလည်းဖြစ်ပါတယ်။

အိန္ဒိယနှင့် မြန်မာကြား သံတမန်ဆက်ဆံရေး အရှိန်အဟုန်မြင့်နေချိန်မှာ  မိုဒီအစိုးရ၏ Act East (အရှေ့မျှော် မူဝါဒ)ရဲ့  တစ်စိတ်တစ်ပိုင်းအဖြစ် FMR ကို ၂၀၁၈ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။

May 12, 2026
၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို...
May 8, 2026
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆...
May 7, 2026
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ...
May 6, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းက မော်လူးမြို့ကို စစ်တပ်တွေက မေလ ၅ ရက်နေ့မှာ...