မြစ်ကြီးနားမှာ ကားတစ်စီးနဲ့ ငွေသားသိန်း ၈၀ ကျော် ဓါးပြတိုက်ခံရ

မြစ်ကြီးနားမှာ ကားတစ်စီးနဲ့ ငွေသားသိန်း ၈၀ ကျော် ဓါးပြတိုက်ခံရ
ပုံ- ဓါးပြတိုက်ခံသွားရတဲ့ ကား
ပုံ- ဓါးပြတိုက်ခံသွားရတဲ့ ကား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ အမျိုးသား ‌၄ ယောက်က ကားတစ်စီးအပါငွေသား သိန်း ၈၀ ကိုဓါးပြတိုက်သွားတယ်လို့ ကားပိုင်ရှင်ဆီကနေသိရပါတယ်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်‌ခန့် ကားပိုင်ရှင်အမျိုးသားဖြစ်တဲ့ အသက်၂၅နှစ်အရွယ် ကိုလဖိုင်ဇော်လီအောင်(Zau Li Awng)က စီတာပူရပ်ကွက်၊ အထ(၅)ကျောင်းကြား NLD ရုံးအကျော် လမ်းဆုံတစ်နေရာမှာ ကားရပ်ပြီး ဆေးလိပ်သောက်နေချိန်  အသက် ၃၀ ဝန်းကျင်ရှိတဲ့ အသားညိုညို ထောင်းထောင်းမောင်းမောင်း လူ ၄ ယောက်ကဓားထောက်ပြီး ကားကိုလုယူသွားခဲ့တယ်လို့ ကားပိုင်ရှင်ကပြောပါတယ်။

“ဖြစ်တာက ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၄ခွဲဝန်းကျင်လောက်ဖြစ်မယ် တစ်ယောက်က ကျ‌နော့်ကို ဓားအရှည် ၁ပေလောက်ရှိတဲ့ဟာနဲ့လိုက်ထိုးတာကျွန်တော်နဲ့ အတူပါလာတဲ့ မိန်းက‌‌လေးသူငယ်ချင်းကိုတော့ နောက်တစ်ယောက်ကဓားနဲထောက်ထားတာဟုတ်တယ်။ကျန်တဲ့နှစ်ယောက်ကအဲအချိန်ကားဝင်စီးပြီးလုသွားတာ ”လို့ပြောပါတယ်။

ဓါးပြတိုက်ခံရတဲ့ ကားကတော့ (CROW)အဖြူရောင်ဖြစ်ပြီး မော်ဒယ်ကတော့ ၂၀၀၇ဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် ကားထဲမှာပါတဲ့ ငွေသား သိန်း ၈၀ကျော်၊ ကျောက်စိမ်း၊ မှတ်ပုံတင်၊ ဘဏ်ကတ်နဲ့ ယာဉ်မောင်းလိုင်စင်တွေလည်း ပါသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဓါးပြတိုက်လုယက်ခံရတဲ့အချိန်မှာ ဘေးနားမှာဘောလုံးကန်တဲ့သူတွေအပါ လူတွေရှိနေပေမယ့်လည်း လာရောက်ကူညီခြင်းမရှိဘဲထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

ကားလုယက်သွားတဲ့ အမျိုးသားလေးယောက်လုံးက မျက်နှာကိုဖုံးကွယ်ထားခြင်းမျိုးမရှိဘဲ လုယက်သွားတာဖြစ်တယ်လို့ ကားပိုင်ရှင်က အခုလိုဆက် ပြောပါတယ်။

“လေးယောက်လုံးက မျက်မှာမအုပ်ထားဘူး မျက်မှာမြင်ရင်တော့ မှတ်မိတယ်။ ကျ‌နော့ကို ဓားနဲ့လိုက်ခုတ်တဲ့တစ်ယောက်က ရှာထိုးအုပ်ထုပ် အနက်ရောင်စောင်းထားတယ်။ ပြီးတော့ နှုတ်ခမ်းမွေးတွေနဲ့  အင်္ကျီကတော့ လက်ရှည်အစိမ်းရောင် အကွက်ကွက်နဲ့ မရိန်းအင်္ကျီပုံစံဟုတ်တယ်”လို့ သူကဆိုပါတယ်။

ကားအလုခံရတဲ့အချိန် ထိခိုက်ဒဏ်ရာတွေမရခဲ့ပေမယ့် ကားကတော့ ခုထိရှာမတွေ့သေးဘူးလို့ဆိုပါတယ်။

မြစ်ကြီးနားမှာ လွန်ခဲ့တဲဇန်နဝါရီလ ၇ရက်နေ့ကလည်း မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် ဇီးကျွန်းကျေးရွာမှာ ကလေးသုံးယောက်ဆိုင်ကယ်စီးလာတဲချိန် အသက်၂၀အရွယ် မျက်နှာမအုပ်ထားတဲ့ လူသုံးယောက်က ကလေးသုံးယောက်စီကိုဓားနဲ့ထောက်ပြီး ဖုန်းနဲ့ ပိုက်ဆံအချို့ကို လုယူသွားခဲ့တာဘဲဖြစ်ပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...