ဖားကန့်မြို့အနီး မအူပင်ကျေးရွာတစ်ခုလုံး မီးရှို့ဖျက်ဆီးခံရ

ဖားကန့်မြို့အနီး မအူပင်ကျေးရွာတစ်ခုလုံး မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့သွားလမ်း ကားမိုင်းအထက်မှာရှိတဲ့ မအူပင်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေပူးပေါင်းတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး ရွားလုံးကျွတ်မီးရှို့ဖျက်ဆီးပေးလိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရှဒူးဇွပ် ခလရ ၂၉၇ တပ်ရင်းနဲ့ မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၇ ရက် ဒီကနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ တက်လာပြီး မအူပင်ကျေးရွာတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပေးလိုက်တာဖြစ်တယ်လို့ မအူပင်ကျေးရွာအနီးမှာရှိတဲ့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

“ရှဒူးဇွပ်စစ်တပ်က တပ်သားတွေနဲ့ ပြည်သူ့စစ်တွေပေါင်းပြီး လာရှို့သွားကြတာဟုတ်တယ်။ တစ်ရွာလုံးအကုန်ရှို့လိုက်ပြီ။ အိမ် ၂ လုံးပဲကျန်တော့တယ်။ ရွာသားတွေလည်း ဘယ်တွေရောက်သွားကြကုန်ပြီလဲမသိဘူး။ ဖုန်တွေဆက်သွယ်ရင်လည်းမရတော့ဘူ”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက မအူပင်မှာရှိတဲ့ လူနေအိမ်အားလုံးကို မီးရှို့ဖျက်ဆီးပေးလိုက်ပြီး ကျေးရွာအဝင် တံတားနားမှာရှိတဲ့ နေအိမ် ၂ လုံးသာကျန်ရှိနေတယ်လို့ ဆက်ဆိုပါတယ်။

မအူပင်ကျေးရွာမှာ အိမ်ခြေ ၁၅ ခုလောက်ရှိပြီး လက်ရှိမှာ ကျေးရွာတစ်ခုလုံး မီးရှို့ဖျက်ဆီးခံလိုက်ရတာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာအတွင်းကနေ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။

ခုလို မအူပင်ကျေးရွာတစ်ခုလုံး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အခြေအနေမှာ ဖားကန့်သွားလမ်းက နန့်တိန်းစစ်ကောင်စီ တပ်စခန်းတစ်ခုလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

“အမှန်တော့ နမ်တိန့်နဲ့ မအူပင်က ဘာမှမဆိုင်ကြတဲ့ ရွာတွေဖြစ်တယ်။ ဒါပေမယ့် သူတို့က ရှုံးမဲ့မဲ့ပြီး လာရှို့လိုက်တယ်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ KIA တွေကလည်း အဲ့အနီးတဝိုက်မှာပဲနေကြတယ်ဆိုတော့ အားလုံးလည်းအဲ့လိုပဲထင်နေကြပါတယ်”

ဒါ့အပြင် မအူပင်ကျေးရွာဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဆက်နွယ်ပတ်သက်တဲ့ ရွာဖြစ်တယ်လို့ စွပ်စွဲပြောဆိုပြီး လာရောက် မီးရှို့ဖျက်ဆီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ကျေးရွာမီးရှို့ခံရတဲ့ မအူပင်ဒေသခံပြည်သူတွေဟာ ရွာလူကြီးအပါအဝင် ဆက်သွယ်လို့မရသေးသလို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ နေရာလည်း အတိအကျ သိဖို့ခက်ခဲနေဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖားကန့်သွားလမ်းမှာရှိတဲ့ နမ်တိန့်စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့အပတ် ဖေဖော်ဝါရီလ ၂ နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တာဖြစ်ပြီး လက်ရှိ နမ်တိန့်ကျေးရွာတစ်ခုလုံးကို KIA က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

May 21, 2026
နော်ထွယ့်(ဟူးကောင့်) — အာဏာသိမ်းစစ်တပ်က ဖားကန့်– ကားမိုင်း – နန့်ယားလမ်းပိုင်းကိုပိတ်ပြီး...
မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...
May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...