ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီရောင်းချသယ်ယူခွင့်ကို PDF များကန့်သတ်

ဟုမ္မလင်းမြို့နယ်အတွင်း စက်သုံးဆီရောင်းချသယ်ယူခွင့်ကို PDF များကန့်သတ်
စက်သုံးဆီဂါလံရာနှင့်ချီအသုံးပြုလုပ်ကိုင်နေသည့် ရွှေမျှောများကိုတွေ့ရစဉ်
စက်သုံးဆီဂါလံရာနှင့်ချီအသုံးပြုလုပ်ကိုင်နေသည့် ရွှေမျှောများကိုတွေ့ရစဉ်

ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဟုမ္မလင်းမြို့နယ်တွင်း စက်သုံးဆီများ ရောင်းချသယ်ဆောင်မှုတွေကို  တားမြစ်ကြောင်း ကြေညာချက်ထုတ်ပြန်လာပါတယ်။

စက်သုံးဆီများရောင်းချသယ်ဆောင်မှု တားမြစ်ခြင်းနှင့်ပတ်သက်တဲ့ ကြေညာချက်ကို ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်အတည်ပြုမှာဖြစ်ကြောင်းလဲ တစ်ပါတည်း အတိလင်းဖော်ပြထားပါတယ်။

မုံရွာမြို့နယ် ၊ ကျွန်းလှမြို့နယ်အခြားမြို့နယ်များမှ သယ်ဆောင်လာတဲ့ စက်သုံးဆီများကို ဟုမ္မလင်းမြို့နယ်တွင်း အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထားသောနယ်မြေများတွင်သာ သယ်ယူရောင်းချခွင့်ပြုပါမယ်လို့ဆိုပါတယ်။

ရေကြောင်းသယ်ယူသူများအနေနဲ့  ဟုမ္မလင်းမြို့နယ်တွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်းဆိုရင် ရွှေပြည်အေးမြို့ ဂိတ်ဆုံးအဖြစ်သတ်မှတ်ထားပြီး  ကုန်းကြောင်းဆိုရင် ဟုမ္မလင်းမြို့နယ် အောင်ပင်ကျေးရွာထိသာ သယ်ယူရောင်းချခွင့်ပြုမှာဖြစ်ကြောင်းလဲ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။

“လိုင်းပေါ်မှာ တစ်ပေပါ တစ်သိန်းကောက်တယ်ဆိုတာမျိုး ပျံ့သွားလို့ ဖြစ်မယ် ၊ ကျွန်တော်တို့ကတော့စက်လှေသမား ကို စျေးအပြတ်ပေးလိုက်တာပဲ ဟိုအရောက်ဆို ဘယ်လောက်ဆိုပြီးပေါ့ ၊ အခုလည်းပိတ်တယ်ဆိုပေမယ့် လမ်းကြောင်းတွေကတော့ ရှိနေအုံးမယ်လို့တော့ ထင်ပါတယ်” ဟု ဒေသခံ လုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။

ဟုမ္မလင်းမြို့နယ်တွင်း အမျိုးသားညီညွတ်ရေးအစိုးရ  စိုးမိုးနယ်မြေများပြင်ပသို့ သယ်ယူရောင်းချခွင့် လုံးဝ ခွင့်ပြုမည်မဟုတ်ကြောင်းနဲ့ ကန့်သတ်ထားသောနယ်မြေပြင်ပသို့ သယ်ယူရောင်းဝယ်ဖောက်ကားပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းဆိုထားပါတယ်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ကုန်စည်ဈေးနှုန်းများအားလုံး  တခြားဒေသများထက် ထက်ဝက်နီးပါး မြင့်တက်နေလေ့ရှိခဲ့ဟုမ္မလင်းမြို့နယ်တွေက လက်ရှိနိုင်ငံရေးကြပ်တည်းကာလမှာ စစ်ဘေးစစ်ဒဏ်များအပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ကြုံတွေ့ရင်ဆိုင်နေကြရတာလဲဖြစ်ပါတယ်။

February 13, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားတိုက်နယ်အတွင်းမှာ CDM ဝန်ထမ်း ၅ ဦးကို မြို့နယ်ပကဖ...
February 11, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို...
February 10, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့...
February 7, 2026
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှ ဒေသခံ ၃၆ ဦးကို ကိုးကန့်တပ် MNDAA တွေက...