ဝှေခါစစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေ

ဝှေခါစစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီလိုအပ်နေ
မှော်ရှန်ဘုန်းကြီးကျောင်းမှာရောက်နေတဲ့ ဝှေခါစစ်ရှောင်များ
မှော်ရှန်ဘုန်းကြီးကျောင်းမှာရောက်နေတဲ့ ဝှေခါစစ်ရှောင်များ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

မှော်ရှန်ဘုန်းတော်ကြီးကျောင်းမှာရောက်နေတဲ့ ဝှေခါဘက်က စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်နဲ့ ဆိုင်းအောင်ကျေးရွာထဲက စစ်ရှောင်ပြည်သူ ၁၀၀ နီးပါးစုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၆၀၀ ကျော်ထဲက နာမကျန်းဖြစ်နေတဲ့သူတွေအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

''ဆရာဝန်တွေတော့ရှိတယ် ကြက်ခြေနီကလည်းလာတယ်၊ တခြားပရဟိတဆရာဝန်တွေလည်းလာတယ် ကျန်မာရေးလာစစ်ပေးတာပေါ့ တစ်နေ့တစ်နေ့ကိုဖျားတဲ့လူနာက ၃၀ကနေ ၅၀ကြားရှိတယ် တာပေမယ့် ဆေးကတော့ကိုယ်တိုင်အပြင်ဆေးခန်းတွေမှာဝယ်ယူရတယ်လေးကျွန်တော်တို့ကပဲဖြေရှင်းပေးရတာ ဆရာဝန်ကတော့ဒီလူနာအတွက်ဒီဆေး၊လိုတယ် ဘာဆေးလိုဆယ် ဆိုတာပဲ ညွန်းပေးမယ်''လို့ အထက်ပါအမျိုးသားကပြောပါတယ်။

လက်ရှိစစ်ဘေးရှောင်ပြည်သူတွေထဲမှာ နာမကျန်းဖြစ်နေတဲ့လူနာ ၅၀ ဦးအထက်ရှိပြီး အများစုက သက်ကြီးပိုင်းတွေဖြစ်တဲ့ ဆီးချိုရောဂါ၊သွေးချိုရောဂါ ၊သွေးတိုးနဲ့ အဖျားဖြစ်နေတဲ့သူတွေအဖြစ်များနေပြီး လေဖျန်းတဲ့သူတွေ့လည်းရှိနေတယ်လို့သိရပါတယ်။

''ပါရာတို့၊အကိုက်အခဲပျောက်ဆေးတို့ကျတော့ ဆရာဝန်တွေသူတို့ကိုယ်တိုင်ယူလာတယ် တာပေမယ့်တခြားဆေးတွေလိုမျိုး ကျတော့သူတို့မှာလည်းမရှိလို့ မယူလာဘူး ဒီကနေပဲ ကိုယ်တိုင်ဝယ်ယူရတယ် ကျွန်မတို့ကဒီမှာအများစုကအဆင်မပြေကြတဲ့လူတွေကြီးဆိုတော့ စစ်ရှောင်နေရတော့ ဆေးဖိုးဝါးခက မတတ်နိုင်အဲ့လိုဖြစ်တာ ပေါ့အကူအညီပေးမယ့်သူရှိလာရင်တော့ ကောင်းတာပေါ့''လို့ စစ်ဘေးရှောင်နေတဲ့ အမျိုးသမီး တစ်ဦးကပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေအတွက် ဆီးချို၊သွေးချို၊ သွေးတိုးနဲ့ဆိုင်တဲ့ဆေးဝါးတွေ၊ အကိုက်အခဲပျောက်ဆေး၊ကလေးသူငယ်တွေအတွက် ဝမ်းရောဂါနဲ့ဆိုင်တဲ့ဆေးဝါးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေလည်းရှိတာကြောင့် အားဆေးတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှော်ရှန်ရောက်နေတဲ့ဝှေခါစစ်ရှောင် ၅၀၀ ကျော်ဟာ ဇန်နဝါရီလ ၆ ရက်နေ့ကတည်းက ဝှေခါတိုက်ပွဲကြောင့် တိမ်းရှောင်လာကြတာဖြစ်ပြီး ကျန်တဲ့ ဆိုင်းအောင်ရွာက ၁၀၀နီးပါးကတော့ ၂၀ ရက်နေ့ကမှပြန်လည် တဖန်တိမ်းရှောင်လာတာဖြစ်ပါတယ်။

ဝှေခါကျေးရွာကစစ်ကောင်စီတပ် ဗျူဟာကုန်းကို KIA၊KPDF ပူးပေါင်းတပ်က ဇန်နဝါရီ ၂၀ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီးကျေးရွာကိုထိန်းချုပ်ထားပေမယ့်လက်ရှိ အခြေအနေမတည်ငြိမ်သေးတာကြောင့် ကျေးရွာနေပြည်သူတွေနေရပ်ပြန်လို့မရသေးတာလို့သိရပါတယ်။

ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...