မံဝိန်းကြီးစခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၂၀၀ ထက်မနည်းဖမ်းဆီးရမိ

မံဝိန်းကြီးစခန်းသိမ်းတိုက်ပွဲမှာ စစ်သုံ့ပန်း ၂၀၀ ထက်မနည်းဖမ်းဆီးရမိ
ပုံ- ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
ပုံ- ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ် မံစီမြို့နယ် မံဝိန်းကြီးမှာရှိတဲ့ ကောင်းခန့်စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က အင်အား ၂၀၀ ထက်မနည်း ဖမ်းဆီးရမိတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။

အဲဒီ မံဝိန်းကြီး စစ်တပ်စခန်းကို KIA, PDF တပ်ဖွဲ့တွေက ဒီမနက်ဝင်ရောက်သိမ်းပိုက်တာဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ချို့ လက်နက်ချအညံ့ခံတာတွေအပြင် စခန်းကနေထွက်ပြေးသွားတဲ့သူတွေကို KIA,PDF ဘက်က လမ်းခုလတ်နဲ့ တရုတ်နယ်စပ်တစ်လျှောက်မှာ ဖမ်းဆီးရမိသူတွေတယ်လို့ သိရပြီး စုစုပေါင်း အင်အား ၂၀၀ ထက်မနည်းရှိတယ်လို့လည်း ဆိုပါတယ်။

လက်နက်ချ အညံ့ခံသူတွေအပါအဝင် ဖမ်းဆီးရမိတဲ့ သုံ့ပန်းအရေးအတွက် အတိအကျကိုတော့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ဖို့ ကြိုးစားနေပေမယ့် လက်ရှိချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...