ရခိုင်ဒေသတွင် စစ်ကောင်စီက ရေကြောင်းဖြင့် စစ်အင်အားဖြည့်မှု ပိုလုပ်ဆောင်လာ

ရခိုင်ဒေသတွင် စစ်ကောင်စီက ရေကြောင်းဖြင့် စစ်အင်အားဖြည့်မှု ပိုလုပ်ဆောင်လာ
ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း စစ်ကောင်စီနေဗီတစ်စီးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ အပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)
ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း စစ်ကောင်စီနေဗီတစ်စီးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ အပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်တွင် စစ်ကောင်စီက ရေကြောင်းဖြင့် လက်နက်၊ စစ်ကူအင်အားဖြည့်တင်းမှုကို ပိုမိုတိုးချဲ့လှုပ်ရှားလာကြောင်း ညီနောင် မဟာမိတ်(၃)ဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်သည်။

မြေပြင်စစ်ကူအင်အား ထောက်ပို့ပေးနိုင်စွမ်း မရှိတော့သည့် စစ်ကောင်စီသည် ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွနှင့် သံတွဲမြို့နယ်တို့တွင် ရေကြောင်းဖြင့် အင်အားဖြည့်တင်းမှုကို ယခုရက်ပိုင်းအတွင်း ပေါ်ပေါ်ထင်ထင်တိုးချဲ့ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇန်နဝါရီ ၆ ရက်ကလည်း ပေါက်တောမြို့သို့ ရေကြောင်းဖြင့် စစ်ကူအင်အားများ ထပ်မံဖြည့်တင်းလာသည့် စစ်ကောင်စီတပ်သည် AA နှင့် ရင်ဆိုင်ထိတွေ့တိုက်ပွဲများ တစ်နေ့လုံးပြင်းထန်ခဲ့ကြောင်း ထုတ်ပြန်သည်။

လက်ရှိတွင် ရခိုင်ဒေသရှိ စစ်ကောင်စီ၏ အာဏာစက်လက်တစ်ဆုပ်စာသာ ကျန်တော့သည့် မြို့ကြီးအချို့တွင် စစ်ကောင်စီက အရပ်သားပြည်သူများအား ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ဖြတ်တောက်ထားပြီး ၎င်းတို့၏ လက်ကျန်ဂိတ်စခန်းများ၌ အရပ်သားပြည်သူများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျလျက် ရှိသည်ဟုလည်း ဆိုထားသည်။

ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီနှင့် AA တို့ တကျော့ပြန်တိုက်ပွဲများမှာ တဖြည်းဖြည်းပြင်းထန်လာပြီး AA က စစ်ကောင်စီ၏ ဗျူဟာကုန်းကြီးများအပါအဝင် တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်နေသဖြင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေသည်။

စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...