“စစ်ကိုင်း ဖက်ဒရယ်ကောင်စီ” ပေါ်ပေါက်ဖို့ စစ်ကိုင်းဖိုရမ် "ဒုတိယအကြိမ်"မှာ KNU ဆန္ဒပြု

“စစ်ကိုင်း ဖက်ဒရယ်ကောင်စီ” ပေါ်ပေါက်ဖို့ စစ်ကိုင်းဖိုရမ် "ဒုတိယအကြိမ်"မှာ KNU ဆန္ဒပြု

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုတွေရဲ့ “စစ်ကိုင်းဖိုရမ်” ဒုတိယအကြိမ်ကျင်းပနေပြီး  “ စစ်ကိုင်းတိုင်းဖက်ဒရယ်ကောင်စီ” တစ်ရပ်ပေါ်ပေါက်ဖို့အတွက် ဆန္ဒပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်လာပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက် ၊ ၅ ရက်နေ့တွေမှာ ပြုလုပ်ကျင်းပနေတဲ့ ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်အတွက် KNU က ဇန်နဝါရီလ (၃) ရက်နေ့ရက်စွဲနဲ့ သဝဏ်လွှာပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်မှာ နိုင်ငံရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ စစ်ရှောင်ကူညီကယ်ဆယ်ရေး၊ လူနည်းစုလူမျိုးစုကဏ္ဍ၊ ၂၀၂၀ ရွေးကောက်ခံများရဲ့ အစုအဖွဲ့ စတဲ့ အဖွဲ့(၅)ဖွဲ့ခွဲပြီး ဆွေးနွေးသွားကြမယ်လို့  ၎င်းဖိုရမ်က ကြေညာထားပါတယ်။

ဖိုရမ်ကနေ နိုင်ငံရေးအရ  ပူးပေါင်း၊ စုစည်း၊  ကျစ်လစ် နားလည်မှုတွေနဲ့အတူ “ ဖက်ဒရယ်ယူနစ်” တစ်ခု ဖြစ်ပေါ်လာစေဖို့ နဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အားကောင်းလာ စေမှာဖြစ်တယ်လို့ KNU ကပြောဆိုထားပါတယ်။

၂၀၂၃ ခုနှစ် မေလကုန်မှာ ကျင်းပတဲ့ စစ်ကိုင်းဖိုရမ် ပထမအကြိမ်မှာ  စစ်ကိုင်းတိုင်းကို ဖက်ဒရယ်ယူနစ် တစ်ခုအဖြစ် ပါဝင်လာဖို့ ကြိုးစားတည်ဆောက်သွားမည်လို့ ဆုံးဖြတ်မှုတွေရှိထားတာလည်းဖြစ်ပါတယ်။

စစ်ကိုင်းဖိုရမ် ဒုတိယအကြိမ် ကျင်းပမှီ တစ်လနီးပါးအလိုက ဖြစ်မြောက်ရေးအဖွဲ့တချို့ နုတ်ထွက်မှုတွေရှိပြီး  ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ပါဝင်ရမယ့် တိုင်းဒေသကြီးအတွင်းက အင်အားစု အစုအဖွဲ့များ မစုံလင်ဘဲ ကြားကာလ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို ဆွေးနွေးဆောင်ရွက်မှုကို သင့်တော်ကိုက်ညီမှု မရှိခြင်းကြောင့်လို့ နှုတ်ထွက်ရတဲ့ အကြောင်းအရင်းထဲက တစ်ခုကို ပြောဆိုထားပါတယ်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို အတွင်းရှိ မြို့နယ် (၂၈) မြို့နယ်အတွင်းအခြေစိုက်သည့် တော်လှန်ရေးအဖွဲ့အစည်း (၁၇၃) ဖွဲ့ နဲ့ လေ့လာသူ (၃၁) ဦး ကြပြီး “ တိုင်းအတိုင်ပင်ခံကောင်စီ” ထားရှိဖို့အပါအဝင်  နိုင်ငံရေးဆိုင်ရှာရှေ့လုပ်ငန်းစဉ် ၄ ခုကို သဘောတူခဲ့ကြောင်း ကြေညာထားပါတယ်။

The Voice of Shan-Ni

February 13, 2026
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားတိုက်နယ်အတွင်းမှာ CDM ဝန်ထမ်း ၅ ဦးကို မြို့နယ်ပကဖ...
February 11, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို...
February 10, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့...
February 7, 2026
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှ ဒေသခံ ၃၆ ဦးကို ကိုးကန့်တပ် MNDAA တွေက...