လောက်ကိုင်တစ်ခွင်လုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သွားပြီ

လောက်ကိုင်တစ်ခွင်လုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သွားပြီ

ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးက ဇန်နဝါရီလ ၅ ရက်တွင် လက်နက်ချအညံ့ခံသဖြင့် လောက်ကိုင်တစ်ခွင်လုံးသည် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သွားပြီဟု မြောက်ပိုင်းညီနောင် ၃ ဖွဲ့က ကြေညာသည်။

“ခွေးတစ်ကောင်၊ ကြောင်တစ်မြီး”ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် လောက်ကိုင် တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ဖြစ်ခဲ့ပြီ” ဟု ဆိုသည်။

လောက်ကိုင်မြို့ကို ညီနောင် ၃ ဖွဲ့က တစ်လခန့်ကြာ ပိတ်ဆို့ထားပြီးနောက် ၁၀၂၇ စစ်ဆင်ရေး (၇၁) ရက်မြောက်နေ့တွင် လေက်ကိုင်မြို့ကို MNDAA အဖွဲ့က အပြီးပိုင်ထိန်းချုပ်လိုက်ပြီးနောက် ယင်းသို့ ပြောဆိုလာခြင်းဖြစ်သည်။

ဇန်နဝါရီ ၅ ရက်က လက်နက်ချအညံ့ခံကြသူများထဲတွင် ဒကစ(လောက်ကိုင်)မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆)ဦး၊ အရာရှိ (၂၂၈) ဦး၊ ရဲဘော်နှင့် အခြားအဆင့်ရှိသူ ၁,၈၉၅  ဦးအပါအဝင် ၎င်းတို့၏မိသားစုဝင် စုစုပေါင်း ၁,၆၀၁ ဦးလည်း ပါဝင်ကြောင်း သိရသည်။

ထို့အတူ ပွိင့် (၂၀၂၂)ဟု လူသိများကြသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း”မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆)ဦးလည်း လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂,၃၈၉) ယောက်အထိရှိခဲ့ပြီး အားလုံးကို သွားလိုသည့်နေရာနှင့် လုံခြုံရာသို့ ပို့ဆောင်ထားခဲ့ပြီဟုလည်း ညီနောင် ၃ ဖွဲ့က ပြောသည်။

ဤဖြစ်စဉ်များသည် “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ် နိဂုံးချုပ်မည့် အကြိုနေ့ရက်များဖြစ်ကြောင်းလည်း ညီနောင် ၃ ဖွဲ့က ဆိုသည်။

လက်နက်ချ အညံ့ခံသူများနှင့် ပြည်သူ့ရင်ခွင် ခိုလှုံလာကြသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ကာ ဆက်လက်၍ လက်နက်ချအလင်းဝင်လိုသူများအနေဖြင့် အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ညီနောင် ၃ ဖွဲ့က ဖိတ်ခေါ်ထားသည်။

စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...