ပေါက်တောတွင် ပိတ်မိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထား

ပေါက်တောတွင် ပိတ်မိနေသည့် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထား
ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများကို နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
ပေါက်တောမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများကို နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်၊ ပေါက်တောမှ ပညာရေး၊ သူနာပြု၊ စိုက်ပျိုးရေး ဝန်ထမ်းအပါအဝင် ဒေသခံတချို့ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၁၈ ရက်) ညနေ ၃ နာရီခန့်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပေါက်တောမြို့တွင် ပိတ်မိနေသူများထံမှ သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများမှာ လူဦးရေ ၅၀ ခန့်ရှိပြီး လက်ရှိတွင် ဖုန်းများကို အသိမ်းခံထားရသည့်အတွက် အဆက်အသွယ်ပြတ်တောက်နေကြောင်း ပညာရေးဝန်ထမ်းတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“သူနဲ့ ကျနော်နဲ့ ညနေ ၃ နာရီလောက်က အဆက်အသွယ်ရခဲ့တယ်။ သူက အဖမ်းခံထားရတယ်။ ဖုန်းတွေကို သိမ်းမယ်ဆိုပြီးတော့ ပြောတယ်။ အခုထိ အဆက်အသွယ်မရတော့ဘူး” ဟု ပြောသည်။

လက်ရှိတွင် ၎င်းတို့ကို ပေါက်တောမြို့၊ လောကထိပ်ပန်ဘုရားရင်ပြင်တွင် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ပိတ်မိနေသည့် မြို့ခံတစ်ဦးကပြောသည်။

“ကျနော် ကြားရသလောက်တော့ အစိုးရဝန်ထမ်းထဲမှာ ပညာရေးဝန်ထမ်းတွေ၊ စိုက်ပျိုးရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေပါတယ်လို့ သိရတယ်။ ကျနော်တို့လည်း အခုအချိန်ထိပိတ်မိနေတယ်။ မြို့ထဲမှာ စစ်သားတွေ နေရာယူထားတယ်။ အခုလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်။ နောက်ပြီးတော့ မြို့ခံတွေလည်းပါတယ်လို့ သိရတယ်” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရထားရသူများနှင့် မိသားစုဝင်များမှာ အဆက်အသွယ် ပြတ်တောက်နေသဖြင့် စိုးရိမ်မှုရှိကြောင်းက ပြောဆိုကြသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG ကဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပေါက်တောမြို့ကို စစ်ကောင်စီက ရဟတ်ယာဉ်အပါအဝင် နေဗီကနေ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေ၍ ယမန်နေ့ကစပြီး လူဦးရေသောင်းနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ပေါက်တောမြို့ပေါ်တွင် နိုဝင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုနှင့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှု အနည်းဆုံး ၂၀ ဦးခန့်ရှိခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ပေါက်တောမြို့မရဲစခန်းကို AA က သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် မြို့ကိုဝင်ရောက်လာကာ ပုန်းခိုနေသော အရပ်သားများအား သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကိုကျူးလွန်ခဲ့ကြောင်း ဆိုထားသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...