အင်းလေး ဖမ်းခံရသည့် ဒေသခံ ၆ ဦးမှ ၄ ဦးပြန်လွှတ်လာ၊ ၂ ဦးသတင်းမရ ပျောက်ဆုံးနေ

အင်းလေး ဖမ်းခံရသည့် ဒေသခံ ၆ ဦးမှ ၄ ဦးပြန်လွှတ်လာ၊ ၂ ဦးသတင်းမရ ပျောက်ဆုံးနေ

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ လင်းကင်းကျေးရွာအုပ်စု ကံရွာကျေးရွာမှ  လောင်းကစားဝိုင်း အနီး ဗုံးကွဲမှုကြောင့်  ဖမ်းဆီးခံရသည့် ဒေသခံ ၆ ဦးထဲမှ ၄ ဦးပြန်လည်လွှတ်မြောက်လာပြီး၊ ၂ ဦးမှာ အဆက် အသွယ်ပြတ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် အင်းလေးဒေသ ကံကျေးရွာရှိ လောင်းကစားဝိုင်းအနီးတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အမျိုးသား ၆ ဦးကို စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။

ထိုထဲတွင်  အင်းလေးဒေသအရှေ့ဘက်ရှိ ပေါနော်ရွာမှ ဒေသခံ ၂ ဦးနှင့် သပြေပင်ကျေးရွာမှ လူငယ် ၄ ဦးကို စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးသွားခဲ့ပြီးနောက် သပြေပင်ကျေးရွာမှ လူငယ် ၄ ဦးကို အောက်တိုဘာလ ၁၃ ရက်နေ့တွင်  ပြန် လွှတ်လာပြီး ကျန်သည့် ဒေသခံ ၂ ဦးသည် ယနေ့ အချိန်ထိ သတင်းအချက်အလက် မရဘဲ ပျောက်ဆုံးနေ ကြောင်း ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

“ဖမ်းသွားတဲ့ လူငယ်တော့ ပြန်လွတ်လာပြီ။ ဖမ်းသွားပြီး နောက်နေ့မှာပဲ ပြန်လွတ်လာတယ်။ ပိုက်ဆံတော့ မပေး ရဘူး။ ကျန်တဲ့ ၂ ယောက်ကတော့ မသိရသေးဘူး“ ဟု ၎င်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူ အင်းလေးဒေသတွင် ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပူဇော်ပွဲ ပြုလုပ်နေရာ စစ်ကောင်စီဘက်မှ လုံခြုံရေးယူပြီး စစ်ဆေးမှု တင်းကြပ်နေသည်။

“ဘုရားပွဲကို ၁၈ ရက် လုပ်မယ်လို့တော့ ကြားတယ်။ ညောင်ရွှေမှာလည်း သူတို့အကပွဲတွေရှိတယ်။ ဆိုတော့ လောင်းကစားဝိုင်းလည်း ထဲမှာပေါ့။ အခုပွဲက လောင်းကစားတွေပါတယ်။ စစ်ကောင်စီ လက်အောက်က ပြည် သူ့စစ်နဲ့ ပျူစောထီးတွေက လုံခြုံရေး လုပ်ပေးနေတယ်“ ဟု အင်းလေးဒေသမှ အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ၃ နှစ်ကြာ ရပ်ဆိုင်းထားသည့် အင်းလေးဖောင်တော်ဦး ဒေသစာရီကြွချီပူ ဇော်ပွဲကို ယခုနှစ်တွင်  ပြန်လည်ကျင်းပခဲ့ရာ လူအများလာရောက်ပြီး ဘုရားဖူးပူဇော်နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...
May 27, 2026
သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှင့် ပင်လောင်းဒေသဘက်များတွင်...