ဖားကန့်မှာ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်လာ

ဖားကန့်မှာ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်လာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ဆိုတဲ့ နာမည်နဲ့ အွန်လိုင်းပေါ် ကနေ ငွေတောင်းခံတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်ရေးအဖွဲ့ဟာ ဇူလိုင်လ ဒုတိယအပတ်ကနေ ထွက်ပေါ်လာတာဖြစ်ပြီး စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင်ပိုင်ရှင်တွေကို ပစ်မှတ်ထားပြီး ပစ်မှတ်ထားပြီး တောင်းခံနေရကြတယ်လို့ ဖားကန့်ဒေသခံက အမျိုးသားတစ်ဦးက ပြောပါတယ်။

“Viber ဖောက်ထားတဲ့ဆိုင်တွေကို Viber က ခြိမ်းခြောက်စာပို့တယ်၊ Viber မဖောက်ထားတဲ့ဆိုင်ကို ဖုန်းဆက် ခြိမ်းခြောက်ပြီး ငွေတောင်းတယ်၊ ငွေတောင်းခံရတဲ့ဆိုင်က ဒီရက်ပိုင်းတင် ၁၀ဆိုင်အထက်ရှိလာပြီ”  လို့ ပြောပါ တယ်။

ခြိမ်းခြောက်ငွေတောင်းသူတွေဟာ  ဆိုင်တစ်ဆိုင်ကို သိန်းရာချီတောင်းနေပြီး ငွေမလွှဲပေးပါက ပစ်ခတ်မှုအထိ ဖြစ်လာနိုင်တယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့လကုန်ပိုင်း မြို့မလက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင် ဖမ်းဆီးခံလိုက်ရပြီးနောက် ဦးသိန်း လွင် ပြန်လည်လွှတ်မြောက်လာဖို့ ကူညီပေးမယ်ဆိုပြီး ပွဲစားလုပ်ပေးတဲ့ ပျူခေါင်းဆောင် ဗိုလ်စောမောင် ဆိုသူ ကိုလည်း ဒီလထဲမှာ ကာကွယ်ရေးတပ်ဘက်က ဖမ်းဆီးလိုက်ပါတယ်။

ဗိုလ်စောမောင် ဖမ်းခံလိုက်ပြီးနောက် တစ်ပတ်အကြာမှာဘဲ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းကနေ ခြိမ်း ခြောက် ငွေတောင်းတဲ့အဖွဲ့ ထပ်ပေါ်လာတဲ့အတွက် ဒေသခံတွေ၊စျေးသည်တွေအတွက် လုံခြုံမှုမရှိတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖားကန့်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့တော့ ပြည်သူများအပေါ် ခြိမ်းခြောက်ငွေညစ်နေတဲ့ ပျူစောထီးနာမည်ခံထားတဲ့အဖွဲ့နဲ့ ပစ်ခတ်ရေးနာမည်ခံထားတဲ့အဖွဲ့အားလုံးကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင် ရွက်နေတယ်လို့ ဆိုပါတယ်။

“သူတို့က တစ်ဖွဲ့တည်းလို့ မဆိုနိုင်ဘူးဗျ၊ ခုက အွန်လိုင်း ငွေညစ်မှုတွေပေါ့၊ အမြန်ဆုံး ဖမ်းနိုင်အောင် ကြိုးစားနေ ပါတယ်” လို့ ဖားကန့်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိဖားကန့်မှာ ပြန်ပေးဆွဲ ငွေခြိမ်းခြောက် တောင်းခံနေသူတွေဟာ စီးပွားရေးအင်အားရှိတဲ့ Bar တွေ၊ ဟိုတယ်လ်တွေ၊ ကျောက်မျက် လုပ်ငန်းရှင်ကြီးတွေကို ခြိမ်းခြောက်တာမျိုး မဟုတ်ဘဲ စျေးသည်များကိုသာ ပစ်မှတ်ထား တောင်းနေတာပါ။

ဖားကန့်မြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ တပ်တွေ၊ ရဲတပ်ဖွဲ့ အပြင် KIA၊ PDF နဲ့ ရှမ်းနီ လက်နက်ကိုင်တို့ လှုပ်ရှားရာနယ်မြေဖြစ်ပြီး အခုလို ပြန်ပေးဆွဲ ငွေခြိမ်းခြောက်တောင်းခံနေရတဲ့ ကိစ္စကိုလည်း ဖြေရှင်းပေးကြဖို့ ဒေသခံတွေက တောင်းဆိုနေကြပေမယ့် ဖြေရှင်းမယ့်နိုင်မယ့်သူ မရှိဘူးလို့ ဆိုကြပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...