လူမှုကူညီရေးအသင်းများအနေဖြင့် စစ်ကောင်စီကို အားပေးကူညီပါက စစ်ရေးအရအရေးယူမည်ဟု မြိတ် (ပကဖ) သတိပေး

လူမှုကူညီရေးအသင်းများအနေဖြင့် စစ်ကောင်စီကို အားပေးကူညီပါက စစ်ရေးအရအရေးယူမည်ဟု မြိတ် (ပကဖ) သတိပေး

မြိတ်မြို့နယ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ အနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် လုပ်ဆောင်ပါက စစ်ရေးအရ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု မြိတ် (ပကဖ) အဖွဲ့က သတိပေးလိုက်သည်။

မြိတ်မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းအဖွဲ့အချို့က စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းများတွင် ပူး ပေါင်းမှု ရှိနေသောကြောင့် မြိတ် (ပကဖ) အဖွဲ့က ယခုကဲ့သို့ သတိပေးရခြင်း ဖြစ်ကြောင်း (ဇူလိုင်လ ၂၅ ရက် နေ့) က ထုတ်ပြန်ကြေညာ၍ သတိပေးရခြင်း ဖြစ်သည်ဟု ဆိုသည်။

မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက “စကစရဲ့ လက်နက်ခဲယမ်း သယ်ယူ ပို့ဆောင်ပေးနေတယ်။ ပြီးခဲ့တဲ့ အပတ်လောက်ကပုလောဖက်ကို လက်နက်ခဲယမ်းတင်ဆောင်ပေးနေတယ်။ သူတို့နဲ့နီးစပ်တဲ့သူတွေက သတင်းပေးပို့ထားပါတယ်။ အခုလို ထုတ်ပြန်ချက်ထုတ်တာက နောက်နောင် ဒီလိုကိစ္စ မျိုး မလုပ်ဆောင်ပေးကြဖို့ သတိပေးစာ ထုတ်ရခြင်းဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မြိတ်မြို့နယ်အတွင်းရှိ ချမ်းမြေ့၊ ဂရုဏာ၊ ချစ်ကြည်ရေး၊ ရွှေရောင်နေ့သစ်နှင့် ပီတိကုသိုလ် လူမှုကူညီရေးအသင်း စသည့်အဖွဲ့များအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ငန်းစဉ်များအတွင်း ယာဉ်များကို အသုံးပြုပြီး ပူးပေါင်း လုပ်ဆောင်မှုများရှိနေသောကြောင့် စစ်ကောင်စီအား ဆက်လက်အားပေး ကူညီမှုများ မပြုလုပ်ရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) မှ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ထို့အပြင် ပြည်သူကို ကူညီပေးနေသည့် လူမှုကူညီရေး အသင်းအဖွဲ့များ အနေဖြင့် ယခုကဲ့သို့ ပြည်သူကို နည်း မျိုးစုံဖြင့် ဒုက္ခပေးနေသော အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာများကို သယ်ဆောင် ပေးနေ သောကြောင့် မြိတ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်း မြိတ် (ပ.က.ဖ) ပြန်ကြားရေး တာဝန်ခံ က ပြောသည်။

မြိတ်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ နောက်ဆုံး အပတ်ကလည်း စစ်ကောင်စီမှဝါဒဖြန့် လက်ကမ်း စာစောင်များကို လိုက်လံဖြန့်ဝေမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ စာရွက်များ ယူရန် ငြင်းဆန်သူများအား အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခံနေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...