မူဆယ်မြို့ပေါ် နေရာ ၅ခုမှာ ပစ်ခတ်မှုဖြစ်

မူဆယ်မြို့ပေါ် နေရာ ၅ခုမှာ ပစ်ခတ်မှုဖြစ်
မူဆယ် လက်နက်ကြီးထိမှန်ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့နေရာ
မူဆယ် လက်နက်ကြီးထိမှန်ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့နေရာ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့တွင်း နေရာ ၅ နေရာမှာ ပစ်ခတ်မှုဖြစ်ပြီး တစ်ပြိုင်နက် မြို့ပြင်မှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။

အဲဒီပစ်ခတ်မှုဟာ ည ၁၀ နာရီခွဲကနေ မနက် ၂ နာရီထိပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်တပ်က ပြည်သူ့စစ်တွေရှိတဲ့ ဘက်ကို ဒရုန်းနဲ့လွတ်ပြီး အပြန်အလှန်ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

အမျိုးသားတစ်ဦးက “မနေ့ည တစ်ညလုံးတော့ ဆက်တိုက်အသံမြည်တာ တစ်နေရာမှာမြည်လိုက်၊ တစ်နေရာမှာ မြည်လိုက်နဲ့ တစ်ညလုံးပဲ။ ဘာလဲဆိုတာတော့ အတိအကျမသိဘူး။ ဒါပေမဲ့ကြည့်ရရင်တော့ စစ်တပ်ဘက်က လုံခြုံရေး တင်းကြပ်ချင်လို့ လုပ်နေတဲ့သဘောပဲ။ ဒရုန်းလွတ်တယ်၊ အဲ့ဒီဒရုန်းက ပြည်သူ့စစ်တွေရှိနေတဲ့ နေရာ တစ်ဝိုက် လာပျံဝဲတော့ ပြည်သူ့စစ်တွေက ပြန်လိုက်ပစ်တာ အဲ့လိုဖြစ်နေကြတာ ဟုတ်တယ်” လို့ ပြောပါတယ်။

မြို့တွင်း ပစ်ခတ်မှု ဖြစ်ပွားချိန် တစ်ပြိုင်နက်ထဲမှာဘဲ မနေ့ည ၁၁ နာရီဝန်းကျင်မှာ မူဆယ်မှ ကွတ်ခိုင် အဆင်း ဘက် နမ့်အွမ်ကျေးရွာတဝိုက်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီနောက် မူဆယ်မြို့ အနီး ၁၀၅ မိုင်က စစ်တပ်စခန်းကလည်း တိုက်ပွဲဖြစ်ပွားတဲ့ နမ့်အွမ်ရွာဘက်ကို လက်နက် ကြီးတွေနဲ့ ပစ်ကူခဲ့တဲ့အတွက် နမ့်အွမ်ကျေးရွာက ဒေသခံပြည်သူနေအိမ် တစ်အိမ် ထိခိုက်ပျက်စီးသွားပြီး လူထိ ခိုက်မှုတော့ မရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၃ ရက်နေ့ညနေပိုင်း မူဆယ်-နမ့်ခမ်းကြားက စေလန်ရွာ၌ စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲဖြစ်ပွား ပြီးနောက် နှစ်ဖက် စစ်ရေးတင်မာနေတာ ဖြစ်တယ်လို့ မူဆယ်ဒေသခံအမျိုးသား က ဆက်ပြောပါတယ်။

“ဟိုနေ့ညနေက စေလန်မှာ TNLA တွေဖြတ်လာစဉ် တိုက်ပွဲဖြစ်ပွားကြပြီး ပြည်သူ့စစ်ဘက်က ၂ ဦး သေတာ ဟုတ်တယ်။ ဆိုတော့ မနေ့ကတည်းက ပြည်သူ့စစ်တွေက ဒီလူတွေကို ပြန်လုပ်မယ် ဘာညာနဲ့ ပြောနေကြတာ။ ဆိုတော့ မနေ့ညက TNLA တွေများ ဝင်လာမလားဆိုပြီး သတိနဲ့စောင့်နေပုံရတယ်။ အဲ့ဒါ ဒရုန်း ဘယ်သူလွှတ်လဲ မသိဘူး။ ဒါပေမဲ့ ဒီလိုညဆိုဒရုန်းလွတ်တာသူတို့ပဲလေ။ အဲ့တာကို ၅ နေရာလောက်က ပစ်ခတ်သံတွေ ကြားရ တာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မူဆယ်မြို့တွင်း နေရာယူထိန်းချုပ်ချင်တာကြောင့် အခြေအနေဖြစ်ပြီး  မြို့တွင်းရှိ လက်နက် ကိုင် တပ်ဖွဲ့များကို သတိပေး ချုပ်ကိုင်ချင်လာနေတာကြောင့် ဖြစ်တယ်လို့လည်း ဒေသခံတွေကဆက် ပြောပါ တယ်။

လက်ရှိ ရှမ်းမြောက်မှာ လားရှိုးဘက်မှ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဘက်မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရေးတင်မာနေပြီး ကွတ်ခိုင် ကနေ တစ်ဆင့် မူဆယ် - နမ့်ခမ်းဘက်သို့ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်သားတွေကို TNLA ဘက်မှ ပစ် ခတ်တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ ရှမ်းမြောက်ဒေသ၊  လားရှိုး-ကွတ်ခိုင်-မူဆယ် လမ်းတလျှာက် စစ်ကောင်စီတပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ တအာင်းတပ် TNLA တို့အကြား စစ်ရေးအခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...