စစ်တပ်က ဖမ်းသွားတဲ့ ဂျာပူဒေသခံ ၃ ဦးပြန်လည်လွှတ်မြောက်လာ

စစ်တပ်က ဖမ်းသွားတဲ့ ဂျာပူဒေသခံ ၃ ဦးပြန်လည်လွှတ်မြောက်လာ

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဂျာပူရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး ဇူလိုင်လ ၂၀ ရက်နေ့က ပြန်လည်လွှတ်မြောက်လာပြီလို့ ဂျာပူရွာဒေသခံတွေက ပြောပါတယ်။

အဲဒီဂျာပူရွာဒေသခံ ၃ ဦးကို စစ်ကောင်စီတပ် ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးခံသွားတာဖြစ်ပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့မှာတော့ သက်ဆိုင်ရာ စစ်ရှောင်တာဝန်ခံတွေ အပါအဝင် ဘာသာရေး အဖွဲ့အစည်းက ခေါင်း ဆောင်တွေက ဖမ်းဆီးခံထားရသူ ၃ ဦးဟာ စစ်ရှောင်ပြည်သူတွေ ဖြစ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ တာ ဖြစ်တယ်လို့ ဂျာပူဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“စစ်ရှောင်တာဝန်ခံနဲ့လူကြီးတွေက သွားပြောတာ စစ်ရှောင်တွေဖြစ်တယ် ပြန်လွှတ်ပေးဖို့ ဒီနေ့ (ဇူလိုင်လ ၂၀ ရက်နေ့) ပြောလို့ ပြန်လွှတ်ပေးလာပြီ” လို့ ပြောပါတယ်။

ဖမ်းဆီးခံသွားရသူတွေက ဝိုင်းမော် မိုင်းနား KBC စစ်ရှောင်စခန်းနဲ့ RC စစ်ရှောင်စခန်းက ဦးမရူလဒွဲနဲ့ အမည်မသိ နောက်ထပ်စစ်ရှောင် ၂ ဦးဖြစ်ပြီး ဇူလိုင်လ လဆန်းပိုင်းမှာ စစ်တပ်နဲ့ KIA တို့အကြား စစ်ရေးတင်းမာလာတဲ့ အတွက် ဂျာပူရွာကနေ ဝိုင်းမော်မြို့နယ် ၊ မိုင်းနားစစ်ရှောင်သွားသူတွေ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ဘေးရှောင်နေရာ ကနေ ဇူလိုင်လ ၁၉ ရက်နေ့ ရွာကို ခေတ္တခဏ ပြန်လာချိန် စစ်တပ်က ဖမ်းဆီး သွားတာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၈ နေ့မှာလည်း ဒဘတ်ကျေးရွာက အရပ်သားပြည်သူ ၅ ဦး ကို ဖမ်းဆီး သွားပြီးနောက် ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

လက်ရှိ နမ်ဆန်ယန် အနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့အကြား  စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်မှာလည်း လိုင် ဇာဘက်ကို လက်နက် ကြီး ၂ ကြိမ်ထက်မနည်း ပစ်ခတ်နေတယ်လို့လည်း လိုင်ဇာဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာ ရှိတဲ့ နမ်ဆန်ယန်မှာ စစ်တပ်က ခြေကုပ်တပ်စွဲနေထိုင်နိုင်ဖို့ ကြိုးစားနေပြီး ဒီရက်ပိုင်းမှာလည်း အလော့ဘွမ်ဘက်ကို စစ်အင်အားဖြည့်တင်းနေတယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ် တွေက ပြောပါတယ်။

နမ်ဆန်ယန်မှာ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလာရာကနေ လက်ရှိ အချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။

photo- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ photo- မြစ်ကြီးနားမြို့တွင်းတစ်နေရာက စစ်ကောင်စီတပ်ဖွဲ့ဝင်များ

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...