ဗန်းမော်မှာ မာရှယ်လော ထုတ်ပြန်

ဗန်းမော်မှာ မာရှယ်လော ထုတ်ပြန်

ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က ဒီညကစပြီး မာရှယ်လောထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

KIO ဌာနချုပ် လိုင်ဇာမြို့အနီး နမ်ဆန်ယန်ဘက်မှာ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီတပ်က ဗန်းမော်မြို့မှာ ဒီည ၉ နာရီကစပြီး မာရှယ်လောထုတ်လိုက်ပြီဆိုတဲ့အကြောင်း ဗန်းမော်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တာဝန်ရှိသူတွေ က ပြောဆိုလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီညကစပြီး မာရှယ်လော ၁ ဆိုတာ ထုတ်ထားတယ်တဲ့။ ဒါကြောင့် ပြည်သူတွေ ညဘက်အပြင်ရှောက်မထွက်ဖို့ အကြောင်းကြားလာတယ်။ ၉ နာရီနောက်ပိုင်း အပြင်ထွက်ရင် ပစ်မိန့်ပေါ့” ဟု ဗန်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောပါတယ်။

မာရှယ်‌လော ကြေညာတာဟာ အခြေအနေ အလျင်အမြန်ဆိုးရွားလာတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ညွှန်ကြားချက်နဲ့ မတူဘဲ စစ်တပ်က တိုက်ရိုက်အုပ်ချုပ်တဲ့ ပြင်းထန်တဲ့စီရင်ခွင့်ရှိတဲ့ စစ်အုပ် ချုပ်ရေး ဖြစ်တယ်လို့ ဆိုကြပါတယ်။

လက်ရှိ မာရှယ်လော ထုတ်ပြန်ခံထားရတဲ့ ဗန်းမော်မြို့ရဲ့ မြို့ပြင်ဘက်မှာတော့ စစ်ကောင်စီတပ်က စစ်ရေးလှုပ် ရှားနေပြီး နမ်ဆန်ယန်ဘက်ကို စစ်အင်အားဆက်တိုက် ပို့ဆောင်နေတာလည်း ဖြစ်ပါတယ်။

“မြို့ပြင်ဘက်က စစ်ရေးလှုပ်ရှားနေကြတယ်။ ဗန်းမော်အပြင် မံစီမြို့နယ် နမ်လင်းပါ၊ မုန်းဒင်ပါ ဘက်တက်သွား တဲ့ လမ်းတကြောလည်း စစ်ကြောင်းတွေရှိတယ်ပြောတယ်။ အခု လုံဂျာဘွမ်ဟိုဘက် မြို့သစ်၊ ကုန်းလော ဘက် ကနေ နမ်ဆန်ယန်သို့ သွားလမ်းတလျှောက် စစ်အင်အားဖြည့်တဲ့ စစ်ကြောင်းတွေ ပို့ထားတယ်ပြောတယ်။ အဲ့တ ကြော ခရီးသွားလာရေးလည်းမရသလို အခုပိုပြီး မြို့တွင်း မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေကိုလည်း အခုလို မာရှယ် လောပြန်ထုတ်လာတာဖြစ်တယ်” လို့ ဗန်းမော်မြို့ရှိ ဒေသခံကပြောပါတယ်။

နမ်ဆန်ယန်ဘက်ကို စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ ဗန်းမော်မြို့ကနေ တော လမ်းဘက်ကို တချို့၊ ဟူးလီယန်ကနေ မြို့သစ်၊ ကုန်းလော လမ်းကနေ ဒေါ့ဖုန်းယန်ဘက် တောက်လျှောက် စစ် ကြောင်းထိုးနေပြီး လစ်လပ်သွားတဲ့ ဗန်းမော် စစ်တပ်မှာတော့ စစ်ကောင်စီတပ်က ရွှေကူမြို့နယ်ကနေ ရေကြောင်းကနေ အင်အားထပ်ဖြည့်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုလို ထိုးစစ်ဆင် အင်အားဖြည့်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေါ့ဖုန်းယန်၊ နားလုံ၊ လွယ်မောက်ယန် လမ်း တစ်ကြော ကချင်လွတ်လပ်ရေး တပ်မတော် KIA ဘက်က ကြားဖြတ်တိုက်ခိုက်ပြီး ဒီနေ့ထိ တိုက်ပွဲပြင်းထန်နေ ဆဲ ဖြစ်သလို စစ်ကောင်စီ စစ်ကြောင်းတွေဟာ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှာ ရှိတဲ့  ကျေးရွာဒေသခံ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ တင်းတင်းကြပ်ကြပ် လုပ်နေတယ်လို့လည်း ဆိုကြပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...