ဝက်လက်မှာ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီများလိုအပ်နေ

ဝက်လက်မှာ ဒေသခံ ၁ သောင်းကျော်ထွက်ပြေးနေရ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူညီများလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်နယ် အနောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၁သောင်းကျော် ဘေးလွှတ်ရာကို ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ် လို့ စစ်ဘေးရှောင် ကူညီနေသူတွေက ပြောပါတယ်။

ဇူလိုင်လ ၉ ရက်နေ့၊ မနေ့က မနက်ပိုင်း ၉ နာရီလောက်မှာ ရွှေဘိုလေ့ကျင့်ရေး ၈ တပ်က ထွက်လာတဲ့ အင်အား ၇၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ဝက်လက်နယ်၊ လှတောကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ Wetlet Informational Network မှ တာဝန်ရှိ သူ တစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက်ခင်းမှာ စစ်ကြောင်းစထိုးတယ် လှတောကနေစပြီး ပတ်ပတ်လည်က ရွာတွေကို ထိုးနေတာ ရွာတွေ ကို မီးရှို့တာတော့ မရှိဘူး။ ဒေသခံတွေကတော့ ပြေးနေရတယ်။ ဒေသခံကတော့ ၁ သောင်း လောက် ပြေးနေရ တယ်” လို့ ပြောပါတယ်။

ဒေသခံ တစ်သောင်းကျော်ဟာ ဝက်လက်မြို့နဲ့ ၇ မိုင် ပတ်ချာလည်က ကျီးကန်တောင်ရွာ၊ မြောက်ရွာ၊ ပင်းဇင်း၊ တကောင်းပင်၊ သဖန်းကုံး၊ တိုက်ကုံး၊ ခေါတောစတဲ့ ရွာတွေကဖြစ်ပြီး ဘေးလွှတ်ရာ တောတွေ၊ ဇရပ်၊ ဘုန်းကြီး ကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဝက်လက်မှာ ဒီရက်ပိုင်းအတွင်း မိုးကြီးနေတာကြောင့် စစ်ဘေးရှောင်တွေ အနေနဲ့ အခက်အခဲ များစွာ ကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက အခုလို ပြောပါတယ်။

“ဒီနေ့ရာသီဥတုကြောင့် ခက်ခဲမူတွေပိုကြုံနေရတယ် မနေ့ညကတည်းက မိုးရွာတာ ဒီနေ့လည်း တနေကုန်ပဲ ပြည် သူတွေက မိုးရွာထဲပတ်ပြေးနေရတာပေါ့ဗျာ။ စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေလို အပ် တယ်။ စစ်ကြောင်းက ထိုးပြီဆို ၅ ရက် တစ်ပတ်လောက် ပတ်ထိုးတာကို” လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီ စစ်ကြောင်းဟာ ဝက်လက်နယ် အရှေ့ခြမ်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ရွှေပန်းကုန်းရွာကို ဈေးရောင်းဖို့သွားတဲ့ သမ္မရိုးရွာနဲ့ ကတို့ကိုင်းကျေးရွာက ဒေသခံ ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီအဖွဲ့ တွေပဲ ဖြစ်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ ဒေသခံ ၇ သိန်းခွဲကျော် ဘေးလွှတ်ရာကို အိုးအိမ်စွန့်ခွာ ထွက် ပြေးနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမူဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)က ပြီးခဲ့တဲ့ ထုတ်ပြန်ထားပါတယ်။

Photo-ပြီးခဲ့တဲ့မေလ စစ်ကြောင်းဝင်လာလို့ ထွက်ပြေးနေရတဲ့ ဝက်လက်စစ်ဘေးရှောင်များ

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...