ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ဆေးဝါးပြတ်လပ်/အခက်ခဲကြုံနေရ

ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ဆေးဝါးပြတ်လပ်/အခက်ခဲကြုံနေရ
ကချင် နယ်လှည့်ကျန်းမာရေး လုပ်သားအဖွဲ့ ဆေးလှည့်လည် ကုပေးနေစဉ်
ကချင် နယ်လှည့်ကျန်းမာရေး လုပ်သားအဖွဲ့ ဆေးလှည့်လည် ကုပေးနေစဉ်

ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့် ကျန်းမာရေး လုပ်သားအဖွဲ့ ( Kachin Backpack) ဟာ လက်ရှိ ဆေးဝါးပြတ်လပ်မှုကြောင့် အခက်အခဲ ဖြစ်နေကြပါတယ်။

မိုးရာသီအကူးအပြောင်း ဖျားနာမှုများပြားနေတဲ့ ကာလမှာလည်း ဆေးဝါးပြတ်လပ်မှု ပြဿနာကြုံနေတာ ကြောင့် ကျေးလက်ဒေသတွေမှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးတွေကို ပို့ဆောင်ကုသပေးနိုင်ဖို့ ခက်ခဲနေတယ် လို့ ကချင် နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ ( Kachin Backpack) အဖွဲ့မှ တာဝန်ခံ Mr.Zet က KNG ကို အခုလို ပြောပါတယ်။

“ကျနော်တို့ဆီ အခုဆေးဝါးမရှိသလောက်ဖြစ်နေတယ်။ လူနာကများ ဆေးကပြတ်လပ်ဖြစ်နေတယ်။ အရင် ကူညီပေးနေတဲ့ အဖွဲ့တွေထဲကလည်း တချို့က ရပ်နားလိုက်ပြီ။ တချို့က လျှော့ချလိုက်ပြီ၊ ဆိုတော့ ကျနော်တို့မှာ ဆေးဝါးမလုံးလောက်ဘူး။ ကျနော်တို့ကိုယ်တိုင်က ခက်နေတော့။ ဆေးဝါးစျေးနှုန်းတွေလည်း တစ်နေ့နဲ့တစ်နေ့ မတူဘူး။ တစ်နေ့ပြီးတစ်နေ့ တက်နေတာ။ အဲ့ထဲမှာ ဝယ်စုထားဖို့လည်း ခက်တယ်။”

ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) ဟာ စစ်ကောင်စီအပြင် KIO အဖွဲ့ နှစ်ဖက်စလုံး လက်လှမ်းမမှီနိုင်တဲ့ တောင်ပေါ်ဒေသတွေ အပါအဝင် တနိုင်း-လီဒို လမ်းမကြီးတစ်လျှောက်ရှိ ကျေးလက် ဒေသ များ၊ ပူတာအို-မချန်းဘော့ ဒေသတွေနဲ့ အင်ဂျန်းယန်ဒေသတွေမှာ အဆက်မပြတ် လှည့်လည် ဆေးကုသ ပေးနေ တာဖြစ်ပါတယ်။

လက်ရှိအချိန် မိုးတွင်းကာလ ရောက်နေတဲ့အတွက် ကျေးလက်ဒေသက ပြည်သူတွေအတွက် သွေးလွန်တုတ် ကွေး၊ နာစီးချောင်းဆိုး၊ ဖျားနာမှုတွေကို ကြုံတွေ့နေရပြီး နာတာရှည်ရောဂါသည်တွေလည်း ပိုမိုတိုးလာနေ တယ် လို့ ဆက်ပြောပါတယ်။

Kachin Backpack အဖွဲ့ တာဝန်ခံ Mr.Zet KNG က “တုတ်ကွေးအဖြစ်များတယ်၊ သွေးလွန်တုတ်ကွေး ပေါများလာ တယ်။ ဒါတွေက အရင်နှစ်တွေနဲ့မတူပဲ ပိုဖြစ်နေ တယ်။ ဝမ်းဗိုက်ဆိုင်ရာပြသနာတွေ၊ အရည်ပြားနဲ့ပတ်သက်တဲ့ ရောဂါတွေလည်း အဖြစ်များနေကြတာတွေ့ရ တယ်။ အခုကျနော်တို့ဆီမှာက သွေးလွန်တုတ်ကွေး (Malaria) ဆေး ပြတ်နေတယ်။ အခြားအဖွဲ့တွေမှာလည်း ဒီဆေးပြတ်နေတယ်။ အခြားဆေးဝါးတွေလည်လောလောဆယ် ပြတ်လပ်နေတယ်။ အခုဆိုပိုဆိုးပေါ့” လို့ ပြောပါတယ်။

လက်ရှိချိန်မှာ နေရာဒေသအများပိုင်းက ပြည်သူတွေဟာ တုတ်ကွေး အဖြစ်များနေပေမယ့် တုတ်ကွေးရောဂါ အတွက် ဆေးတွေ ပြတ်လပ်နေသောကြောင့် ဝယ်ယူရန်ဖို့ ခက်ခဲနေတဲ့အပြင် အခြေခံဆေးပစ္စည်းတွေလည်း စျေးနှုန်းပိုမိုမြင့်တက်နေတာကြောင့် ဝယ်ယူစုဆောင်းပြီး ဆေးကုသပေးနိုင်ဖို့ စိန်ခေါ်မှုများစွာရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်ဂျန်းယန်ဒေသသို့ သွားရောက်နိုင်ဖို့ ရေလမ်းကြောင်းမှတစ်ဆင့် ဆေးတွေကို သယ်ယူပို့ဆောင်ရာ မှာလည်း သယ်သူခ ကုန်ကျစရိတ် ၂ ဆခန့်မြင့်တက်သွားနေတဲ့ အတွက် ယခင် ၁ သိန်းခွဲပဲ ကုန်ကျခဲ့ပေမယ့် လက်ရှိမှာတော့ ၄ သိန်းလောက်ကုန်နေကြပါတယ်။

လမ်းခရီး သယ်ယူပို့ဆောင်ရေး စျေးတွေမြင့်တက်နေပေမယ့် ကချင်ကျန်းမာရေး လုပ်သားအဖွဲ့ဟာ ( Kachin Backpack ) ပြီးခဲ့တဲ့ ဇွန်လမှာ အင်ဂျန်းယန်ဒေသဘက်ကို သွားရောက်လှည့်လည်ပြီး ဆေးကုသပေးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အင်ဂျန်းယန်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအခြေနေနဲ့ပတ်သက်ပြီး “ဘွမ်ရာယန်ဘက်ဆို အဓိက ရေခက် နေကြတယ်။ မိုးရွာရင် ရေတွေက ညိုညစ်ကုန်ပြီး ရေမသန့်တာကြောင့် ဝမ်းလျှော ဝမ်းပျက် ပြဿနာတွေ ကြုံ နေတယ်။ ကြားထဲမှာ အဓိကခက်နေတာ ၁၀ ရွာလောက်ရှိတယ်။ အခုဆို ရွှေမှော်တွေမှာရှိတဲ့ ရွှေ့ပြောင်း လုပ် သားတွေ၊ ရွှေတူးနေကြသူတွေ အဓိကသူတို့က ကျန်းမာရေးအတွက် ဘာဆေးဝါးမှမရှိတာက ပြဿနာ” လို့ Mr.Zet က ပြောပါတယ်။

အင်ဂျန်းယန်ဒေသဘက် အဓိကခက်ခဲနေတဲ့ ရွာတွေက ဘွမ်ရာယန်နဲ့ ဂွေထောင်ကြား အပါအဝင် ရွာပေါင်း ၁၀ ရွာထက်မနည်းရှိပြီး KIO နဲ့ စစ်ကောင်စီ နှစ်ဖက်လုံး လက်လှမ်းမမှီတဲ့ နေရာမှာ ရှိနေတဲ့အတွက် ကျန်းမာရေးပိုင်း အခက်အခဲများစွာ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်တောင်ပေါ်ဒေသတွေဆီ တာဝန်ကျတဲ့ ကျန်းမာရေးဌာနက အစိုးရဝန် ထမ်းတွေ အားလုံးနီးပါး CDM ပြုလုပ်သွားကြတဲ့အပြင် ဝေးလံခေါင်ဖျားတဲ့ နေရာတွေမှာ ဆေးဝါးပိုင်း ကူညီ ထောက်ပံ့သူတွေ မရှိသလောက် ဖြစ်သွားခဲ့ချိန် Kachin Backpack ကျန်းမာရေးလုပ်သားအဖွဲ့က ခက်ခဲမှုတွေ ကြားကနေ တောင်ပေါ်၊ ကျေးလက်ဒေသတွေမှာ လှည့်လည်ဆေးကုသကူညီပေးနေခဲ့ကြတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ Kachin Backpack ကျန်းမာရေးလုပ်သားအဖွဲ့ကို ဆေးလှူဒါန်းမယ့်အဖွဲ့၊ အလှူရှင်တွေ မရှိလို့ ဆေးတွေ ပြတ်လပ်ပြီး အကူအညီတွေလိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီလှူဒါန်းပေးကြဖို့ Mr.Zet က ပြောပါ တယ်။

Most read this week

ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...
ဓာတ်ပုံ - KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။
August 10, 2026
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ပေါင်းစည်းမှုအောက်တွင်...
ဓာတ်ပုံ - မြစ်ကြီးနားမြို့ပုံ
August 10, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်အချို့တွင် အသက်မပြည့်သေးသည့် ဆယ်ကျော်သက်...
ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...