ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ

ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမရိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်မှု ကြောင့် ဈေးသည်အမျိုးသမီးတွေ အပါအဝင် အရပ်သား ၇ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇူလိုင်လ ၆ ရက်နေ့၊ မနက်ပိုင်း ၄ နာရီဝန်း အချိန် လောက်မှာ သမ္မရိုးရွာဘက်ကို စစ်ကြောင်းထွက်လာချိန် လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

“သူတို့က ရွာသာကြီးမှာ တပ်စွဲ ညအိပ်တာ။ အဲ့ကနေ မနက် ၄ နာရီလောက် စစ်ကြောင်းပြန်ထွက်တော့ ဈေး သည်တွေကလည်း မနက် ၅ နာရီလောက်ဆို ဈေးထွက်ရောင်းတာဗျ။ အဲ့မှာသူတို့ သမ္မာရိုးရွာ အရောက်မှာ ပတ် လည်ကို ပတ်ပစ်တာ အဲ့မှာဈေးသည်တွေ သွားမှန်တာ ပွဲချင်းပြီးသေကုန်တာပဲ” လို့ ပြောပါတယ်။

ဒေသခံဈေးသည်တွေဟာ သမ္မရိုးရွာနဲ့ ကတို့ကိုင်းရွာတွေက ဖြစ်ပြီး ရွှေပန်းကုန်းဘက်ကို သုံးဘီး၊ ဆိုင်ကယ်တွေ နဲ့ နေ့တိုင်း ဈေးရောင်းဖို့ သွားနေကြတဲ့သူတွေ ဖြစ်တယ်လို့ ဝက်လက်သတင်းမှန် ပြန်ကြားရေးအဖွဲ့က တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရမူကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံတွေဟာ သမ္မရိုးရွာမှ ဒေါ်နှင်းလှိုင် အသက် ၅၀ နှစ်၊ ဒေါ်အေးနုဝင်း အသက် ၄၀ နှစ်၊ ဒေါ်မွေလီ အသက် ၄၀ နှစ်၊ ဦးဖိုးလွင် အသက် ၅၀ နှစ်၊ ဦးသိန်းလှိုင် အသက် ၆၀ နှစ်၊ ကတို့ ကိုင်းရွာမှ ဒေါ်ဖြူ အသက် ၄၀ နှစ်၊ ရွှေပန်းကုန်းရွာမှ ကိုမိုးဝေ အသက် ၃၀ နှစ်တို့ ဖြစ်ကြပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်ကြောင်းဟာ သမ္မရိုးကျေးရွာက ဒေသခံပြည်သူ ၁၄ ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်း ပြန်လည်ထွက်ခွာသွားတယ်လို့ ဝက်လက် သတင်းမှန် ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦး က အခုလို ပြောပါတယ်။

“အဲ့ဒီအဖွဲ့ဟာ မနက် ၇ နာရီလောက်မှာ သမ္မရိုးရွာကနေ အမျိုးသား ၁၄ ယောက်ကို ဖမ်းပြီး အရာတော်ငွေတွင်း ပျူရွာအထိ ခေါ်သွားတယ်။ ငွေတွင်းပျူရွာ အရောက်မှာ ၁၃ ယောက်ကို ပြန်လွှတ်ပြီးတော့ တစ်ယောက်ကိုတော့ ဒီနေ့ထိ ဖမ်းထားတယ်။ အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က ရွှေဘိုဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်တယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် က ပြောပါတယ်။

အဲ့ဒီ အရာတော်ငွေတွင်းပျူရွာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ ကာကွယ်ရေးတပ်တွေရဲ့ ဝင်ရောက် တိုက် ခိုက်တာကို ခံခဲ့ရတဲ့အတွက် ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် အရပ်သားပြည်သူ တချို့လည်း သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဒီမိုကရေစီ လှုပ်ရှားသူနဲ့ အရပ်သား ပြည်သူ ၃၇၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...