မအူပင်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၆ ဦးကို ထောင်ပိုင်က ရိုက်နှက်တိုက်ပိတ်

မအူပင်အကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၆ ဦးကို ထောင်ပိုင်က ရိုက်နှက်တိုက်ပိတ်

ဧရာဝတီတိုင်း ၊ မအူပင်အကျဥ်းထောင်တွင် စစ်အာဏာရှင်ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဥ်းသား ခြောက်ဦးကို မအူပင်ထောင်ပိုင်က ဦးဆောင်ရိုက်နှက်ပြီး တိုက်ပိတ်ထားသည်ဟု နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က မအူပင်အကျဥ်းထောင်သို့ ဧရာဝတီတိုင်း အကျဥ်းထောင် ညွှန်ကြားရေးမှူး ဦးဇော်စစ်အောင် လာရောက်စဥ် နိုင်ငံရေးအကျဥ်းသားအချို့ စကားပြော ကြမ်းတမ်းသည်ဟုဆိုကာ ခေါ်ထုတ် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ရိုက်နှက်ခံရသူများမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် မအူပင် PDF အဖွဲ့ဝင် ကိုစိုင်းနောင်(ခ) လက်ယာ ၊ကိုမျိုးမင်းဦး၊ကိုဝေဖြိုးအောင်၊ကိုသူရဦး၊ ကိုငြိမ်းချမ်းနှင့် ကိုတာရာလင်းတို့ ဖြစ်ကြသည်။

ကိုတာရာလင်းသည် ဦးဇော်စစ်အောင်အား လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ နိုင်ငံရေး အကျဥ်းသားများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တင်ပြခဲ့၍ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

"၁၁ ရက်နေ့က ညွှန်မှူးလာတဲ့အချိန်မှာ မအူပင် PDF ငါးယောက်က စကားပြောတာကြမ်းတယ်။ တာရာ လင်းကတော့ နိုင်ငံရေးအကျဥ်းသားဖြစ်ပြီး မဟုတ်တာတွေတောင်းဆိုတယ်ဆိုပြီး ၁၂ ရက်နေ့မှာ ခေါ်ထုတ် ရိုက်တာပါ" ဟု အကျဥ်းထောင်နှင့် နီးစပ်သူကပြောသည်။

ကိုတာရာလင်းသည် ကြံခင်းမြို့နယ်မှ ဒုရဲတပ်ကြပ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၂ ရက်နေ့တွင် စစ်အာဏာ ရှင် အလိုမရှိကြောင်း လူမှုကွန်ရက်တွင်ရေးသားခဲ့မှုကြောင့် ၎င်း၏ အစ်ကိုဖြစ်သူနှင့်အတူ ဖမ်းဆီးခံရပြီး ပုသိမ်အကျဥ်းထောင်တွင် အကျဥ်းချခံထားခဲ့ရာမှ မအူပင်အကျဥ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူဖြစ်သည်။

လက်ရှိတွင် ၎င်းတို့ ရိုက်နှက်ခံရသည့် ဒဏ်ရာများအား ဆေးကုသခွင့် ရ၊ မရမသိရကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူက ပြောသည်။ မအူပင်အကျဥ်းထောင်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် အလိုမရှိ ကြောင်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ဦးရေ ၁၀၀ ဝန်းကျင်ရှိနေသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...