သာဇင်ရွာတွင် နေအိမ် ၇၀၀ ခန့် မီးရှို့ခံရပြီး အမျိူးသမီးတစ်ဦး မီးလောင်သေဆုံးနေသည့်အပြင် ဒေသခံ ၃၀ ဝန်းကျင် ဖမ်းဆီးခံထားရ

သာဇင်ရွာတွင် နေအိမ် ၇၀၀ ခန့် မီးရှို့ခံရပြီး အမျိူးသမီးတစ်ဦး မီးလောင်သေဆုံးနေသည့်အပြင် ဒေသခံ ၃၀ ဝန်းကျင် ဖမ်းဆီးခံထားရ

စစ်ကိုင်းမြို့နယ်၊ သာဇင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၇၀၀ ခန့် မီးလောင်ခဲ့ပြီး ဒေသခံ အမျိုးသမီးကြီးတစ်ဦး မီးလောင်သေဆုံးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၁၄ ရက်နေ့တွင် သာဇင်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး နေအိမ်များကို မီးရှို့ဖျက် ဆီးချိန်တွင် ထွက်မပြေးနိုင်သည့် အမျိုးသမီးမှာ မီးလောင်သေဆုံးခဲ့ရသည့်အပြင် ဒေသခံပြည်သူ ၃၀ ဦးလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သာဇင်ရွာကနေအိမ် ၇၀၀ လောက်ပါသွားပါတယ်။ အသက် ၆၀ လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးက မီးထဲပါ သွားပြီး သေဆုံးတယ်လို့သိရပါတယ်။ လက်ရှိလည်းအဲ့နားက ကျေးရွာတွေကို မီးရှို့နေဆဲပါ” ဟု ပြောသည်။

အဆိုပါ သေဆုံးခဲ့သူ အမျိုးသမီးသည် သာဇင်ကျေးရွာမှ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းမြင့်ဆိုသူဖြစ်ပြီး ဖမ်း ဆီးခံထားရသည့် ဒေသခံ ၃၀ ကျော်လည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ထို့အပြင် သာဇင်ကျေးရွာ အနီးတစ်ဝှိုက်တွင် ဇွန်လ ၁၃ ရက်နေ့မှ စတင်ကာ ကာကွယ်ရေးတပ်များနှင့် မီးရှို့နေ သော စစ်ကောင်စီတပ်တို့ အကြား သုံးရက်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများရှိခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်သက်ကြီးက ယခုကဲ့သို့ ပြောသည်။

“ရွာတွေ မီးရှို့ခံထားရသလို အမျိုးသမီး တစ်ယောက်သေပြီး ရွာသားတချို့ ဓားစာခံအဖြစ် ဖမ်းခံထားရပါတယ်။ ထိတွေ့ တိုက်ပွဲကြောင့် သူတို့ဘက်က အကျအဆုံးများခဲ့ပါတယ်။ တိတိကျကျကိုတော့ ကျနော်တို့ဘက်ကနေ သတင်းထုတ်ပြန်ပါ့မယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ ဗိုလ်သက်ကြီးက ပြောသည်။

ထို့အပြင် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်နေ့နှင့် ဇွန်လ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် သာဇင်ကျေးရွာအနီးရှိ အိုင်း ဓမ္မကျေးရွာ၊ အင်းစနှင့် ပေါက်မ (တောင်) ကျေးရွာကိုလည်း ဆက်လက်မီးရှို့ဖျက်ဆီးနေပြီး စစ်ကြောင်းရှိနေ သောကြောင့် ပျက်ဆီးဆုံးရှုံးမှု အခြေအနေကို အသေးစိတ်မသိရသေးဘူးဟု ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံတစ်ဝှမ်း စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှ ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့အထိ နေအိမ်ပေါင်း ၇သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကိုင်းတိုင်းသည် ၅ သောင်းကျော် အများဆုံး မီးရှိုခံခဲ့ရခြင်း ဖြစ်သည်ဟု Data For Myanmar ၏ ဇွန်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နှစ်နှစ်ကျော်အတွင်း အရပ်သား ၈၆၀၀ ကျော် သေဆုံးခဲ့ရသည်ဟု ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...