မိုးညှင်းနယ် ပင်လုံးကျေးရွာအနီး တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံရ

မိုးညှင်းနယ် ပင်လုံးကျေးရွာအနီး တရားမဝင် ရွှေတူးနေသည့် ဘတ်ဖိုး ၁၄ စီး ဖမ်းဆီးခံရ
အင်းတော် အင်းတော်ဒေသ မိုင်းနောင်ကျေးရွာ အနီးတဝိုက်တွင် စက်ယန္တရားကြီးများဖြင့် အကြီးစား ရွှေတူးဖော်မှု မြင်တွေ့ရပုံ
အင်းတော် အင်းတော်ဒေသ မိုင်းနောင်ကျေးရွာ အနီးတဝိုက်တွင် စက်ယန္တရားကြီးများဖြင့် အကြီးစား ရွှေတူးဖော်မှု မြင်တွေ့ရပုံ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာ နှင့် မော်ဟန်ကျေးရွာအနီးတွင် တရားမဝင် ရွှေတူးနေသည့် ဘတ် ဖိုး ၁၄ စီး ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

နန့်စီးအောင်ဘက်မှ ဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ဇွန်လ ၁၃ ရက်နေ့ မော်ဟန်ကျေးရွာ အနီးဝန်း ကျင်နဲ့ ပင်လုံကျေးရွာနောက်ကြောတွင် တရားမဝင် ရွှေတူးနေသည့်ဘတ်ဖိုး ၁၄ စီးကို ဖမ်းဆီးသွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

“ပင်လုံတို့ မော်ဟန်တို့ဘက်မှာ လေးတန်ချောင်းဆိုတာရှိတယ်။ အဲ့မှာလုပ်နေတာကြာပြီကော။ အခုကရွာနဲ့ အရမ်းကပ်လာပြီလို့ပြောတယ်။ ရွှေတူးတဲ့လူတွေက ပင်လုံရွာနဲ့အရမ်းနီးကပ်လာတော့ဖမ်းတာနေမှာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပင်လုံကျေးရွာ နောက်ကြော လေးတန်ချောင်းကြော တစ်လျှောက်တွင် လက်လုပ်၊ လက်စား စက်ယန္တားကြီးများ ဖြင့် ရွှေတူးဖော်လာသည်မှာ စစ်ဏာသိမ်းပြီး တစ်နှစ်ခန့်အကြာတွင် စတင်တူးဖော်လာကြပြီး လက်ရှိတွင် ပင်လုံ ကျေးရွာရှိ လူနေရပ်ကွက်များနဲ့နီးကပ်လာသည်အထိ တူးဖော်လာနေသောကြောင့် လာရောက်ဖမ်းဆီးခြင်း ဖြစ် နိုင်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ အဆိုပါ ရွှေတူးဖော်နေသူများတွင် ပင်လုံဒေသခံအနည်းစုပါဝင်သလို အခြားဒေသမှ လာရောက် လုပ် ကိုင်သည့် လုပ်ငန်းရှင်များလည်း ပါဝင်သည်ဟု ဆိုသည်။

ဒေသခံများ ငွေကြေးမတတ်နိုင်သောကြောင့် မျှောစင်စက်များနှင့် တူးဖော်ကြပြီး လုပ်ငန်းရှင်ကြီးများသည် ဘတ်ဖိုးစက်အပြင် စက်ယန္တရားများစွာသုံးပြီး တူးဖော်နေခြင်းဖြစ်သည်ဟု ပြောသည်။

“မျှောစင်တွေနဲ့တူးနေတာလည်းရှိတယ် လမ်းအောက်ဘက်မှာ ဒေသခံတွေကတော့ မျှောစင် ထိုးပြီးစက်လေး တွေနဲ့ တူးကြတယ်။ လုပ်ငန်းရှင်ကြီးတွေတော့ စက်ကြီးတွေနဲ့ဘတ်ဖိုးတွေရော အသုံးပြုပြီးတူးနေကြတာ” ဟု မော်ဟန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပင်လုံရွာအနီးတစ်ဝိုက် စက်ယန္တားကြီးများဖြင့် တူးဖော်သူ ၃၀ ဦးထက်မနည်းရှိကြောင်းသိရပြီး ဖမ်းဆီးထား သည့် ဘတ်ဖိုး ၁၄ စီးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်နှင့် ပြန်လည်ရွေးယူခိုင်းခြင်းရှိမရှိကို စုံစမ်းနေ ဆဲ ဖြစ်သည်။

ပင်လုံကျေးရွာသည် မော်ဟန်မြို့နှင့် ၁ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေရာကြီးပိုင်းရှိပြီးလူဦးရေ ၅၀၀၀ ကျော်ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း နေရာအနှံ့ဆိုသလို ရွှေတူးဖော်မှု ပိုမိုများလာပြီး အများဆုံး တူးဖော်နေသည့် နေရာများသည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နေရာများ အပါအဝင် အင်းတော် ကြီးဒေသများ၊ ပူတာအိုဒေသဖြစ်သည့် ဆွမ်ပရာဘွမ်၊ ဖတ်မာကျေးရွာတို့အပြင် တနိုင်း၊ ရှင်ဗွေယန်ကျေးရွာနှင့် ဖားကန့်ဒေသများတွင် အများဆုံး တူးဖော်နေကြ ဖြစ်သည်။

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...