ဖလမ်းမြို့နယ်အတွင်း ပြစ်မှုကျုးလွန်သူ ၁၁ ဦးကို CNO က တရားစီရင်

ဖလမ်းမြို့နယ်အတွင်း ပြစ်မှုကျုးလွန်သူ ၁၁ ဦးကို CNO က တရားစီရင်

ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) တရားရေးဌာနက ဖလမ်းမြို့နယ်တွင် ပြစ်မှုကျူးလွန်သူ ၁၁ ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေနှင့်အညီ တရားစီရင်ကာ ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်‌ရေးတပ်ဖွဲ့ (CNO/CNDF) က ၎င်းတို့၏ ထိန်းချုပ်နယ်မြေ အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ သက်ငယ် မုဒိမ်းမှု၊ ခိုးမှု၊ အိမ်မီးရှို့မှုနှင့် မိုးယစ်ဆေးဝါး ရောင်းဝယ်မှုစသည့် ပြစ်မှု ကျူးလွန်သူများကို ပြစ်မှုဆိုင်ရာ ဥပဒေနှင့်အညီ ငွေဒဏ်၊ ထောင်ဒဏ် အသီးသီး စီရင်ချမှတ်ခဲ့သည်ဟု CNO တရားရေးဌာနက ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်သည်။

ထိုသို့ တရားစီရင်ရာတွင် ပြစ်မှုကျူးလွန်သူ ၄ ဦးတို့ကို ဒဏ်ငွေရိုက်ပြီး ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးကာ ကျန် ၇ ဦးကိုတော့ ထောင်ဒဏ်တစ်နှစ်မှ ၁၀ နှစ်အထိ ချမှတ်ခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် တရားစီရင်ရေး ဌာန (CNO-Judiciary Department) အတွင်းရေးမှု Salai Van Sui San က ပြောသည်။

မုဒိမ်းမှုကျင်းလွန်သူ ၂ ဦးအနက် တစ်ဦးကို ပုဒ်မ (၃၇၆) ဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ကာ၊ သက်ငယ် မုဒိမ်းမှု ကျူးလွန်သော ကျန်တစ်ဦးကို ပုဒ်မ (၃၆၀) ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်ဟု ပြော သည်။

နေအိမ်မီးရှို့သူ ၃ ဦးကို ပုဒ်မ(၄၆၃) ဖြင့် ထောင်ဒဏ်တစ်နှစ်စီ၊ အကြမ်းဖက်မှုကျူးလွန်သူ တစ်ဦးကိုလည်း ပုဒ်မ (၅၀၆) တို့ဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ CNO ၏ ရဲဌာနမှ တာဝန်ယူပြီး အကျဉ်းထောင်တွင် ထိန်းသိမ်းထားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ခိုးမှုကျူးလွန်သူနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲသူ ၄ ဦးတို့ကိုတော့ ကျပ်ငွေ ၅ သိန်းနှင့် ၃၅ သိန်း စသည်ဖြင့် အသီးသီး ဒဏ်ကြေးဆောင်ခိုင်းကာ ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု CNO တရား ရေးဌာနက ဆိုသည်။

CNO တရားရေးဌာန အတွင်းရေးမှူး Salai Van Sui San က “ဒဏ်ငွေရိုက်တယ်။ ဝန်ခံကတိလုပ်ခိုင်းတယ်။ နောက်တစ်ခါ ဒီခိုးမှုနဲ့ပဲ ပြန်ပြီး‌တော့ ဖမ်းမိမယ်ဆိုရင် ကျွန်တော်တို့ ပြန်မလွတ်တော့ဘူး။ အကျဉ်းထောင်ချ မယ်ဆိုတဲ့ ဝန်ခံကတိ ထိုးခိုင်းပြီး ပြန်လွတ်လိုက်တာ” ဟု ပြောသည်။

ချင်းအမျိုးသား အဖွဲ့ချုပ်အနေဖြင့် တရားစီရင်ရေးလုပ်ငန်းကို CNO ၏ တရားသူကြီးအဖွဲ့နှင့် ရှေ့နေအဖွဲ့တို့မှ ဦးဆော င်ကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလကစတင်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်တွင် ပြစ်မှုဆိုရာ ဥပဒေပုဒ်မများနှင့် အတူ တရားစီရင် ပြစ်ဒဏ်ချမှတ်ခြင်းများ ဆောင်ရွက်လာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့တရားစီရင်မှုမှာ ဥပမာ သက်ငယ် မုဒိမ်းမှုကျူးလွန်လိုက်တဲ့သူဆိုရင် ကျူးလွန်တဲ့အကြောင်း စစ် ဆေးချက်တွေလည်း ကျွန်တော်တို့မှာ အခိုင်မာရှိတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အခွင့်အရေး အပြည့်အဝ ပေး တဲ့ အနေနဲ့ သူ့အတွက်လည်း ခုခံကာကွယ်ပိုင်ခွင့်ရရှိဖို့ ကျွန်တော်တို့ ရုံးချိန်း ၁၀ ကြိမ်မက ပြန်ခေါ်တယ်ပေါ့နော်၊ အဲ့လိုမျိုးနဲ့ ကျွန်တော်တို့ အပြီးသတ် စီရင်ချက်ချနိုင်တာပေါ့နော်”  ဟု Salai Van Sui San က ပြောသည်။

ယခုကဲ့သို့ တရားစီရင်ရာတွင် တော်လှန်ရေး ရဲဘော်များကိုသော်လည်းကောင်း လိုအပ်သလို စီရင်နိုင်ရန်နှင့် အာ ဏာရှင်ကို တော်လှန်နေချိန် အာဏာရှင်အုပ်စုပြန်ပြီး မပေါ်ပေါက်စေရန် တရားစီရင်ရေးသည်လည်း အလွန် အရေးပါသည့် အတွက် မြို့နယ်မှတစ်ဆင့် ပြည်နယ်တရားရေးမဏ္ဍိုင်လည်း ပေါ်ပေါက်လာနိုင်ရန်အတွက် ကြိုး စား လုပ်ဆောင်ရာတွင် ထောက်ပံ့ကူညီမှုများလည်း လိုအပ်နေကြောင်း CNO တရားရေးဌာန အတွင်းရေးမှူးက ပြောသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...