ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင်ဆိုသူသေဆုံး

ကန့်ဘလူမြို့နယ်၊ ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင်ဆိုသူသေဆုံး

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ပိတောက်ပင်ကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်ဆိုသူ တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ဇွန်လ ၁၃ ရက်၊ နံနက် ၈ နာရီခန့်တွင် ပျူစောထီးပူးပေါင်း စစ်ကောင်စီစစ်ကြောင်းနှင့် ကန့်ဘလူ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ အကြား ပိတောက်ပင်ကျေးရွာအထွက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲမှာ သေဆုံးသူက ဦးဌေးဝင်း၊ သူကပျူခေါင်းဆောင်အကြီးစားပါ။ စစ်ကောင်စီစစ်ကြောင်းမှ အမြဲတမ်း လိုက်ပါနေသူတစ်ဦးပါ ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမသို့ပြောသည်။

အသက် (၅၀) ကျော်ခန့်ရှိသော ဦးဌေးဝင်းသည် ထန်းကုန်းအနောက်ဘက်ကျေးရွာများ၏ ပျူစောထီး ခေါင်း ဆောင်ဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ထပ်လောင်းအတည်ပြုသည်။

သို့သော် ဦးဌေးဝင်းသည် ပျူစောထီးခေါင်းဆောင်ဖြစ်သည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် ဒေသခံ များထံမှ သီးခြားအတည်နိုင်ခြင်းမရှိသေးပေ။

ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် ဦးဌေးဝင်း၏ရုပ်အလောင်းကို ၎င်း၏ဇာတိ ကံရိုးကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီတပ် စစ်သားအများအပြားနှင့် ပျူစောထီးများမှ လာရောက် ပို့ဆောင်ခဲ့ကြသည်ကို တွေ့ရကြောင်း လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်ကဆိုသည်။

ကန့်ဘလူမြို့နယ်၊ ကို့တောင်ဘို့ရွာတွင် တပ်စွဲထားသော အဆိုပါစစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းသည် အင်အား ၆၄ ဦးဖြင့် ဇွန်လ ၁၄ ရက်၊ နံနက် ၄ နာရီ ၅၀ မိနစ်ခန့်တွင် ကောလင်းဘက်သို့ စစ်ကြောင်းထိုးထွက်သွားသည်။

ထိုစစ်ကြောင်းအား ကိုးတောင်ဘို့တိုက်နယ် ပ.က.ဖ တပ်ခွဲ (၂) (DCT) အဖွဲ့မှ ကောလင်းမြို့နယ်၊ ဝါးရုံခုံကျေးရွာ တောင်ဘက် ကွန်ဂရစ်တံတားတွင် ပဒေသာမှိုင်းခြောက်လုံးဖြင့် ဇွန်လ ၁၄ ရက်၊ နံနက် ၅ နာရီခန့်တွင် မှိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ကောလင်း ပ.က.ဖ အဖွဲ့၀င်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...
July 1, 2026
နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ...