ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုလိုက်တယ်လို့သိရ

ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီတည်ထောင်ခွင့်ပြုလိုက်တယ်လို့သိရ

စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချင်းပြည်နယ်အခြေစိုက် ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ဇွန်လ (၁၄) ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေ မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၃) အရ ပါတီ တည်ထောင်ခွင့်လျှောက်ထားတဲ့ ပါတီပေါင်း (၁၃) ပါတီ ရှိတယ်လို့ထုတ်ပြန်ထားထားပါတယ်။

အဲ့ဒီ ပါတီတည်ထောင်ခွင့် လျှောက်တဲ့အထဲမှာ ချင်းပြည်နယ်က ခူမီးအမျိုးသားပါတီနဲ့ ချင်းပြည်သူ့ပါတီတို့က ပါတီတည်ထောင်ခွင့် လျောက်ထားကြပြီး အဲ့ဒီထဲမှာ ခူမီးအမျိုးသားပါတီကို ပါတီ တည်ထောင်ခွင့် ပြုလိုက် တာဖြစ်ပါတယ်။

ပါတီတည်ထောင်ခွင့်ရရှိတဲ့ ခူမီးအမျိုးသားပါတီအနေနဲ့ “ခွင့်ပြုချက်ရရှိတဲ့နေ့ကစပြီး ရက်ပေါင်း (၃၀) အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျောက်ထားရမယ်” လို့ အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလက်ရှိအချိန်ထိ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတည်ထောင်ခွင့် ပြုတဲ့ ပါတီ (၇) ပါတီရှိပြီ ဖြစ်ကြောင်းနဲ့ ကျန် (၆) ပါတီကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ထား ပါတယ်။

ချင်းပြည်နယ်မှာ အာဏာမသိမ်းခင်က ယခင် ရှိနှင့်ပြီးသား နိုင်ငံရေးပါတီတွေ အနက် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် (Zomi Congress For Democracy) တစ်ခုတည်းသာ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆီမှာ နိုင်ငံရေးပါတီအဖြစ်ဆက်လက်မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။

ကျန်တဲ့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (CNLD)၊ ချင်းတိုင်းရင်းသားများပါတီ၊ ဇိုတိုင်းရင်းသား ဒေသ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ခူမီး(ခမီ)အမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ကို ပါတီတည်ထောင်ခွင့် ဖျက် သိမ်းခဲ့တယ်လို့ မတ်လ (၂၈) ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

ဇွန်လ (၁၄) ရက်နေ့မှာတော့ ခူမီးအမျိုးသားပါတီကိုလည်း နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေ မှာ ဖော်ပြလာတာ ဖြစ်ပါတယ်။

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...